မိဘ မေတ္တာ
သာယာတဲ့ တေးသံ ဖျန်းပက်တဲ့ အမေ့မေတ္တာကြောင့်
လူလားမမြောက်သေးတဲ့အမေ့သား အူဝဲဆိုပြီးအိမ်မောကြခဲ့တယ်..
လောကအကြောင်း တစေ့တစောင်းတောင်..
မသိသေးပါဘူး….အချိန်တန်ဖြစ်ချင်တာပဲသိတယ်….
အမေ့ကို ဂျီတိုက်မယ်…
သောကကို မေ့ စိတ်ညစ်မှုတွေကို အမေမေ့ပြီး
အဖေနဲ့တိုင်ပင်ကာ ပြောလိုက်တယ် ဘာတဲ့….
သားကို စိတ်ချမ်းသာစေချင်တယ်တဲ့….
ဒီစကားအမေ့နှုတ်ဖျားထွက်ကာကျလာပေမဲ့
အမှန်တကယ်လေးနက်ခဲ့မှန်း ကျွန်တော်
တကယ်မသိခဲံ့ပါဘူးအမေရယ်……
မိဘမေတ္တာရေစဉ် ထာဝစဉ် အေးကြည်တာ
သားသိလိုက်ရချိန်မှာ….သားရင်ထဲက
ဖေဖနဲ့မေမေ ဘ၀ရဲ့ခါးသည်းမှုဒဏ်ကို
သားအတွက်ကာကွယ်ရင်း…..
အရာရာကိုရင်ဆိုင်နေကြတယ်….
စိတ်တွေမခိုင်တော့ပါဘူး ဖေဖေရယ်…..
ပင်ပန်းတဲ့အဖေ့မျက်နှာ သားမျက်နှာချင်းတောင်မဆိုင်ဝံ့တယ်
စိတ်ထဲမကောင်းဘူး ဖေဖေရယ်…
လူလားမြောက်လို့…ကြီးမားတဲ့မိဘမေတ္တာကို
သားကြုံဆုံခွင့်ရတဲ့ အချိန်မှာ ..
အဖေဟာ ပီတိဖျားတဲ့ မျက်လုံးတွေနဲ့
ဒီမှာသား`မိဘမေတ္တာ´ဘယ်လောက်ကြီးတယ်ဆိုတာ
သားသိပြီလားတဲ့….
ဝမ်းသာတဲ့ အမေ့ မျက်နှာကို မြင်ရောင်မိတိုင်း
အမေနဲ့အဖေတို့ ကို အေးချမ်းစွာသားနေစေချင်ခဲ့တယ်..
တကယ်တော့ အချိန်တွေကုန်လွန်လာခဲ့ပြီး
လောကရဲ့ထိုးနှက်မှုဒဏ်အလူးအလဲ
ခံစားနေရချိန် သားအတွက် ရက်တက်မအေးတဲ့
အဖေက သားနားပါတော့…ဒါတွေက
အဖေတို့အတွက်ရိုးနေပြီတဲ့..
အငိုမျက်လုံးတွေ စို့နစ်ခဲ့ပါပြီ အဖေရယ်..
ဘာဖြစ်ဖြစ်သားအတွက် အသင့်ဖြစ်တဲ့
မိဘမေတ္တာကို သားဘယ်လို ကျောခိုင်းရက်မလဲဟင်…
ဟိုအရင် မိုက်ခဲ့တဲ့ သားရဲ့အမှားတွေ အတွက်..
သားနောက်တ ရပါပြီ ဗျာ…
ကြီးမာတဲ့ မိဘမေတ္တာ အရိပ်မှာ…
သားထာဝစဉ်ပေးဆပ်ရင်း
နောင်ဆို ဖေဖေတို့ရှေ့မှာ သား….
အမြဲရပ်တည်ပါရစေတော့
ဖေဖေနဲ့မေမေရယ်….။
(ဒဏ်ရာ)
Comment #4
so niceeeeeeeeeee
By: ei lay at Feb 17, 2012
Comment #5
၅၂၈ အကြောင်းဖွဲ့ထားတာတကယ်ကိုလေးနက်တယ်ဗျာ
၁၅၀၀ ကဂဏန်းတစ်လုံးဘဲပိုတာပါ ၅၂၈ကပိုတာတွေအများကြီးဘဲ လိုတယ်ဆိုတာကိုမရှိဘူး
ကဗျာကောင်းလေးဗျ
ရေးတတ်လွန်းတယ် ။
By: X - ray at Feb 18, 2012




Comment #1
ယောက်ျားကြီး တန်မဲ့ မျက်ရည်တောင် ဝဲမိတယ်။