Professional Authors

လက်ဆင့်ကမ်း

” လက်ဆင့်ကမ်း “

ဟိုး လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က
အဘိုးစခဲ့တဲ့ ဇာတ်လမ်းပါ
ဖောင်တစ်ခုပေါ်
အဖေနဲ့ ကျွန်တော့်ကို တင်ပြီး
ရေဆန်ခရီးကို ဖြတ်ကူးခဲ့တယ်

အဘိုးဆုံးခဲ့ အတိတ် နှစ်ဆယ့်ငါး
သူ့သား ကျွန်တော့် အဖေ
လှေတစ်စင်းကို တည်ဆောက်
အဘိုးရဲ့လမ်းမှာ ဆက်လျှောက်ခဲ့

ဒီနေ့ ကျွန်တော့်အလှည့်
စက်တပ်မော်တော်ယာဉ်ကို ပဲ့ထိန်း
အဘိုးနဲ့အဖေတို့ ပန်းတိုင်
မယိမ်းယိုင်အောင် ရှေ့တက်
မျိုးဆက်သစ်လက်ကမ်းလို့ပေါ့

ဒီလိုနဲ့
အလျားလိုက် ဖြတ်ကူးခဲ့တဲ့မြစ်
ကျွန်တော်တို့ရဲ့ မြေးမြစ်တွေခေတ်မှာ
ဆတက်ထမ်းပိုး လက်ဆင့်ကမ်း
ပန်းတိုင်ကို အရောက်လှမ်းမှာမို့
အဘိုးတို့တွေ ကျေနပ်ကြပါစေ …….

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jul 9, 2011
Comment #1

” လက်ဆင့်ကမ်း “

ဟိုး လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က
အဘိုးစခဲ့တဲ့ ဇာတ်လမ်းပါ
ဖောင်တစ်ခုပေါ်
အဖေနဲ့ ကျွန်တော့်ကို တင်ပြီး
ရေဆန်ခရီးကို ဖြတ်ကူးခဲ့တယ်

အဘိုးဆုံးခဲ့ အတိတ် နှစ်ဆယ့်ငါး
သူ့သား ကျွန်တော့် အဖေ
လှေတစ်စင်းကို တည်ဆောက်
အဘိုးရဲ့လမ်းမှာ ဆက်လျှောက်ခဲ့

ဒီနေ့ ကျွန်တော့်အလှည့်
စက်တပ်မော်တော်ယာဉ်ကို ပဲ့ထိန်း
အဘိုးနဲ့အဖေတို့ ပန်းတိုင်
မယိမ်းယိုင်အောင် ရှေ့တက်
မျိုးဆက်သစ်လက်ကမ်းလို့ပေါ့

ဒီလိုနဲ့
အလျားလိုက် ဖြတ်ကူးခဲ့တဲ့မြစ်
ကျွန်တော်တို့ရဲ့ မြေးမြစ်တွေခေတ်မှာ
ဆတက်ထမ်းပိုး လက်ဆင့်ကမ်း
ပန်းတိုင်ကို အရောက်လှမ်းမှာမို့
အဘိုးတို့တွေ ကျေနပ်ကြပါစေ ……///// //

commentinfo By: အောင်ရဲသူ at Jul 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment