Professional Authors

အခန်းထဲကပြဇာတ်

ပျော်ရွှင်ခြင်းတွေရင်မှာပိုက်ပြီး
သံသရာဒီတစ်ဝိုက်မှာ
မင်းနဲ့အခိုက်အတန့်တော့
ပြန်ဆုံချင်သေးတယ်..
မပြောဖြစ်ခဲ့တဲ့စကားတစ်ချို့
မရှင်းဖြစ်ခဲ့တဲ့ပုစ္ဆာဟောင်းတွေ
မင်းနဲ့ငါ့အတွက်
အဖြေဆိုတာလိုသေးတယ်လေ..
ခွဲခွာခြင်းမှာရပ်တန့်ပေမယ့်
မပြတ်နိုင်သေးတဲ့ဒီရင်ကို
ဦးနှောက်ကမထိန်းချုပ်ရက်ပြန်ဘူး..
ဆက်ချစ်ခွင့်မပေးတော့ပေမယ့်
လွမ်းရတဲ့အဖြစ်တွေက
အခန်းကျဉ်းထဲမှာ
ဇာတ်ကွက်စုံနေပြီလေ..
အတိတ်ကပျော်ရွှင်ခြင်းကိုသယ်ဆောင်
ပစ္စုပန်လုပ်ဇာတ်တွေကြောင့်
“စည်း”ဆိုတဲ့လူပျက်
အငိုရခက်နေပြီတဲ့လေ..
တွေဝေမှုနဲ့ခရီးဆက်ပေမယ့်
မာနတွေအသောနှင်နေခဲ့တော့
ဒီရင်ခွင်အိုပြန်ခိုဝင်ဖို့ဆိုတာ
ဒီဘ၀တော့ဝေးကြပြီပေါ့..
အချစ်ဦးရယ်……..။

In: ကဗျာ Posted By: Date: Oct 16, 2010
Comment #1

မပြတ်နိုင်သေးတဲ့ဒီရင်ကို
ဦးနှောက်ကမထိန်းချုပ်ရက်ပြန်ဘူး..
ဆက်ချစ်ခွင့်မပေးတော့ပေမယ့်
လွမ်းရတဲ့အဖြစ်တွေက
အခန်းကျဉ်းထဲမှာ
ဇာတ်ကွက်စုံနေပြီလေ..
ကောင်းလိုက်တာဗျာလို့ ပြောရမှာတောင်အားနာမိတယ်….
တကယ်ပါ….

commentinfo By: ic23u0 at Oct 16, 2010
Comment #2

ကျွန်တော်ကတော့ နုလုံးသားကို Forward လုပ်လိုက်မိတဲ့ ဇာတ်ကွက်ကြောင့် နှစ်ပါးသွားအကနဲ့ ဝေးခဲ့ရတဲ့
လက္ခဏာပါ။

commentinfo By: သွေးနက် at Oct 17, 2010
Comment #3

ကဗျာလေးကတော့ကောင်းပါတယ်
အချစ်ဦးဆိုတာ ဘယ်သူလဲလို့  မသိတော့လို့ 
ခံစားမပေးနိင်ဘူးဖြစ်နေတယ် မမ ခင်ဗျာ
နောက် မမ ရေးမယ်ဆိုရင်
အချစ်လယ် အချစ်သစ် အချစ်အနှစ်လေးတွေ
ပါအောင်ထဲ့ ရေးပေးပါလို့ 

မမ ရဲ့  ကဗျာတွေ ကို အစဉ်အားပေးလျှက်
အချစ်

commentinfo By: အချစ် at Oct 17, 2010
Comment #4

အရမ်းမိုက်တယ် မကြီး.. အချစ်ဦးတဲ့.. 🙂

commentinfo By: လေလွင့်သူ at May 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment