Professional Authors

အရွယ်သုံးပါးနေတဲ့အိမ်

(ခြောက်ဆယ့်တစ်)
အခု ဘုရားခန်းမှာ
အဖေတရားထိုင်နေတာ ဘာအသံမှမကြားရဘူး
ဒါ သတိနဲ့အသိ ရောစပ်ထားတဲ့
တစ်ကယ့် သက်ငြိမ်ပန်းချီကားတစ်ချပ်ပဲ။
ဒီမြင်ကွင်းဟာ တစ်စုံတစ်ရာကို သယ်ယူလာပြီး
ကျွန်တော့်ရင်ကို အသံတိတ်လာမှန်နေတယ်။

(ငါး)
ခဏနေ
ကျွန်တော့်တူ ဟိန်းလေး
တရိန်းရိန်းနဲ့ ပါဝါရိန်းဂျားပြီဆို
ပျော်စရာကစားကွင်းကြီးဟာ အိမ်အပြည့်နေရာယူ
TOM and JERRY ဟာ သူ့သူငယ်ချင်းတွေပါပဲ။
အဲဒီ ဆည်းလည်းလေးကတော့
တစ်နေကုန် တချွင်ချွင်မြည်ဖို့ဆို
ဘယ်တော့မှ မမောဘူးပေါ့။

(နှစ်ဆယ့်ခုနစ်)
ဘ၀နေမွန်းတည့်ပါတော့မယ်
ကဗျာကို အသက်ရှူပေါက်အဖြစ် ဖောက်ထားခဲ့ပါပြီ။
စား ၀တ် နေရေး ထဲ  ဘေးကျပ်နံကျပ်ဖြစ်နေဆဲ
အချစ်ဟာ အသည်းကွဲသီချင်းသစ်ဖြစ်ခဲ့ပြီး
ကျွန်တော်လည်း ရွှေအိုးထမ်းပြန်လာနိုင်ဖို့ရာ မသေချာသေးသူပါ။

In: ကဗျာ Posted By: Date: Oct 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment