Professional Authors

..အလွမ်း…အဖြေ

မင်းကိုလွမ်းလို့….
ငါ..မျက်ရည်ကျလာတော့
ဖိုးလမင်းက..လှောင်ပြုံးလေးပြုံးလိုက်လေရဲ့
ငါမသိဘူး…ဘာကြောင့်ပြုံးသလဲ????

မင်းကိုသတိရလို့..
ဓာတ်ပုံလေးထုတ်ကြည့်မိတော့
ကြယ်လေးတပွင့်..ကြွေကျသွားသတဲ့
ငါမမြင်ဘူး….သူသေဆုံးသွားတာကို!!!

တနေ့တော့….နေ ဆီအရောက်..
ငါပျံသန်းလို့…မေးကြည့်တော့
မင်းပြန်လာဖို့…
ဆုတောင်းများတဲ့..ကောင်းကင်မှာ
ကြယ်၁ပွင့်အတွက်..
နေရာမလစ်တဲ့အကြောင်းနဲ့
ငါနဲ့ဝေးတဲ့….တနေရာမှာ..
မင်းပျော်နေမှန်း…သိတဲ့…လမင်း.
.ပြုံးနေခဲ့တယ်ဆိုတာ!!!!!

In: ကဗျာ Posted By: Date: Oct 13, 2010
Comment #1

ကဗျာကို အစမှအဆုံးတိုင် ဆွဲခေါ်သွားပုံ လှတယ်ဗျာ။ မျှော်လင့်မထားသော အတွေးထဲက အဖြေတစ်ခုကို ယူရေးသွားတာ သိပ်ကောင်းပါတယ်။ နှစ်သက်စွာ အားပေးသွားတယ်ဗျာ။

commentinfo By: ChIr0N at Apr 10, 2012
Comment #2

မမိုး . . . တွေးခေါ်သွားပုံလေး သဘောကျတယ်ဗျာ . . အားပေးလျက်

commentinfo By: လမင်းဇော် at Apr 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment