Professional Authors

ဆည်းဆာမဆန်ချင်ခဲ့သောညနေခင်းတစ်ခုဆီသို့……(terry)

်အမည်…………..။
အသက်…………..။

ငါ့နှလုံးသားရဲ့သေဆုံးခြင်းကို
ဘယ်လို ကင်ပွန်းမျိုး
ငါတပ်သင့်သလဲ…..။

ရင်နာတယ်ဆိုပေမယ့်လဲ
လိမ္မော်ရောင် နွေလေးကို
ငါလွမ်းနေသေးတယ်။

အတိတ်ဆိုတဲ့အရာသာ
ပစ္စုပန်မှာ မရှိခဲ့ရင်
ငါနင့်ကို
လွမ်းဖြစ်ခဲ့မယ်မထင်ဘူး။

မထင်မှတ်မှု့မှာ
ဝှက်ဖဲတစ်ချပ် ရှိမယ်ဆိုရင်တောင်
နင်မသုံးလဲ
ငါအနိုင်ပေးမှာပါ…..။

တစ်ခါတစ်ရံ
ပျော်ရွင်မှု့ဟာ
ရှုံးနိမ့်မှု့မှာ ပျော်ဝင်လေ့ရှိတယ်။

ဘယ်တော့မှအဖြေမရှိတဲ့
မေးခွန်းမျိုးနဲ့ပဲ
ငါ့ကိုငါ ပြန်လုပ်ကြံမယ်…….

ကြေကွဲခြင်းကို ပျိုးဖို့
ဘယ်လိုသတ္တိမျိုး လိုအပ်သလဲ………….။

                                                              terry(13.8.2008)3:00am

In: ကဗျာ Posted By: Date: Oct 11, 2010
Comment #1

so nice.

commentinfo By: angel at Oct 20, 2010
Comment #2

တစ်ခါတစ်ရံ
ပျော်ရွင်မှု့ဟာ
ရှုံးနိမ့်မှု့မှာ ပျော်ဝင်လေ့ရှိတယ်။

commentinfo By: ရနံ့ at Sep 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment