Professional Authors

အတည်မပြုရသေးသော…

ပုံကြီးချဲ့နိုင်ဖို့ရာ ဆွဲဆန့်နိုင်သော
တစ်သွေးတစ်မွေးစိတ်ကူးများ သယ်ဆောင်လာပါပြီ
ဒါဟာ ဒို၊ဒီ၊ရေ၊မာ မဟုတ်သလို
တံ၊တျာ၊တေ၊တျော လည်းမဟုတ်ပါဘူး
ဒီပဲဟာ ဒီပုတ်ထဲကလာတာပါဗျာ
ဈေးမကြီးစေရဘူး စိတ်ချ
ခု   ပလူတိုဂြိုဟ် ဂြိုဟ်စဉ်မမီတဲ့ကိစ္စ ငြင်းခုန်နေကြပါပြီ
ခဏနေ   ပုလင်းတူတွေ နေရာယူစုဝေးကြပါ
တော်ကြာ   မိုးခါးရေကိုမက်မက်စက်စက်မော့ချလိုက်ကြပါ
နဖူးတွေမောက်ပြီး နယောင်တွေကောက်လာစေရမယ်
မျက်တောင်ခတ်စရာမလိုတော့ပါ ဖနောင့်တွေတိုဝင်သွားပါပြီ
အရိပ်မထွက်ရန် ရာသက်ပန် အာမခံ…
ဟေ့ ဒါ  မဟောသဓာဇာတ်ထဲက ဘီလူးမရဲ့ကိုယ်ရေးကိုယ်တာတွေ မဟုတ်လား
သွား…သွား…
ဟုတ် ဟုတ်ကဲ့ ဒါပေမယ့်
ခင်ဗျားလက်ကြားကသူဇာ ဖင်ရောကျစ်ရဲ့လား မေးမိရင်တော့
တစ်လွဲမထင်ပါနဲ့ဗျာ
ဘုရင်မနဲ့ဆိုရင်လည်း ၀ါးပြီး အရည်ထွက်လာရင် ထွေးပစ်လိုက်ရတာပဲ မဟုတ်လား
အဲဒီ အရည်မရ အဖတ်မရတွေကပဲ ဖြတ်ရတာ ခက်နေပြန်ရော
ဒီတော့ ဒီစကား ဒီနေရာမှာ ထားလိုက်တော့
ခင်ဗျား ကြားနေရတဲ့အတိုင်းပဲ အချစ်ဆိုတာကရော ကုတ်နေရတဲ့ ၀ဲလား..
(အေး အချစ်ဆိုတာ နားညည်းတယ်..
ပိုက်ဆံကုန်တယ်..
ခါး ခါး ခါးလွန်းတယ်ဟေ့..)
ဗျာ ဟုတ် ဟုတ်ကဲ့ပါ
ကျွန်တော်လည်း ခုတလော ဟိုသီချင်းပဲ ဆိုဆိုနေရတာပါဗျာ
ကြားဖူးတယ် မဟုတ်လား
..ဒါဟာ..အချစ်တဲ့လား…အဲဒါ..အချစ်တဲ့လား…ဒါများ.အချစ်တဲ့လားကွယ်..မင်းပဲပြော..။

In: ကဗျာ Posted By: Date: Oct 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment