Professional Authors

လွန်ဆွဲခြင်း

မရှင်းမရှင်းနဲ့

ပေးလိုက်သမျှ

မေတ္တာတရားဆိုတာက

ဝလုံးကွေ့ကွေ့လို့

ကိုယ်ဆီပြန်လာလေရဲ့။

အပေးအယူမရှိ

အရှုံးအနိုင်မရှိ

အမှားအမှန်မရှိ

မကျေနပ်ခြင်းကျေနပ်ခြင်းမရှိ

အချိန်အတိုင်းအတာမရှိ

ကန့်သတ်ချက်နဲ့သတ်မှတ်ချက်မရှိ

ဘာပေတံနဲ့တိုင်းတိုင်း

ညီမျှခြင်းချရင်

ဟိုဘက်ဒီဘက်အချိုးကျတယ်။

စာအုပ်ထဲမှာပါနေကျ

ခွင့်လွှတ်ခြင်းတို့

နားလည်ခြင်းတို့လောက်

မကြီးကျယ်နိုင်။

နေရာထိုင်ခင်းသိပ်မလိုပဲ

သံယောဇဉ်နဲ့တည်ဆောက်

ချစ်ခြင်း ဆိုတာကတော့

မှောက်လျက်လဲလို့

ပြောပြောနေကျ

ပြက်လုံးကြီးတစ်ခုလို

ခင်မင်မှုအောက်

ပြားပြားမှောက်နေပြီကွဲ့။

                                               မြတ်ချစ်

In: ကဗျာ Posted By: Date: Oct 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment