Professional Authors

ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ခုန်သံ

အဲဒီကောင်က
လေလွင့်လူ
နေရောင်ကျဲကျဲအောက်မှာ
ရင်ခုန်သံခပ်ကျဲကျဲနဲ့ 
အနာဂတ်ကိုရင်ဆိုင်မဲ့သူ
သူ့ကိုယ်သူ့တော့နပိုလီယန်ဆိုပဲ…………..
အဲဒီကောင်ဆီမှာ
အနာဂတ်မရှိတာ
အိပ်မက်မရှိတာ
သိပ်အရေးမကြီးဘူး
အချိန်တန်ရင် ကမ္ဘာကြီးက
သူရှင်သန်ဖို့ မနက်ဖြန်တွေ ပေးတယ်
အဲဒီကောင်က တစ်ကောင်ကြွက်
ဆွေမရှိ မျိုးမရှိ
ဂျစ်ပစီဆိုပေမယ့်
ဝိုင်တစ်ခွက်သောက်ပြီး
ညတစ်ညကိုတော့ လှပစွာဖြတ်သန်းတယ်……….
ဒါပေမယ့် သူပြောတယ်
ကောင်မလေးတစ်ယောက်ကို
စတွေ့ တဲ့အချိန်က
ရင်ဘတ်ထဲ
မိုင်းဗုံးခွဲသလို
မထမဆုံးအကြိမ်
ဂျစ်ပစီတစ်ယောက်ရဲ့ 
ရင်ခုန်သံအကျယ်ဆုံးဖြစ်လာတယ်
ယုံမလား
ကောင်းကင်မှာ ခုနစ်စင်ကြယ်တွေ့ လို့
လှမ်းကြည့်နေတဲ့ကလေးတစ်ယောက်လို
မင်းပြုစားသမျှ ခံနေရတဲ့
သနားစရာ ဂျစ်ပစီတစ်ယောက်
မင်းရင်ခုန်သံငွေ့ ငွေ့ လေး
တစ်ချက်လောက်
တန်ပြန်သက်ရောက်ကြည့်ပါလား
အဲဒီကောင်ပြုံးပြုံးလေး
ရူးသွားမယ်……..

In: ကဗျာ Posted By: Date: Oct 8, 2010
Comment #1

အရမ်းမိုက်တာပဲနော်

commentinfo By: Zin Zin at Oct 8, 2010
Comment #2

rrrrrrrrrrrrrrrrr
lone wa a lan pe.
kway lout de naw

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment