Professional Authors

တာကောဆိုတဲ့ကဗျာရေးတဲ့ငနဲကို ထားခဲ့လိုက်

တာကောဆိုတဲ့ အဲဒီလူ
အယူအဆ ဘာတစ်ခုမှ သိတယ်မရှိဘူး
အလကား အရူး
နွားခြေရာခွက်လေးထဲ
သူ့ရဲ့သွက်ချာပါဒ ခါတော်မီဗေဒတွေကို
စိတ်အလိုရှိတိုင်း ထ ထ မွှေ။
ပေါ မိုက် တေ လေ အချိုးနဲ့
သူပျိုးခဲ့တဲ့ကဗျာတွေမိုးမလင်းခင် ဘ၀င်လေဟပ်
မာန်တက်နေတဲ့အခါတိုင်း
ငါ့မြင်းကြီး ငါစိုင်းလို့
အဲဒီငတေကြီး မာလိုက်ပုံများ..
ဘယ်သူသေသေဆိုလား.။

In: ကဗျာ Posted By: Date: Oct 5, 2010
Comment #1

အရမ်းကောင်းတဲ့ အသုံးအနှုန်း လေးတွေပဲ
ကြိုက်တယ်

commentinfo By: နွေ at Oct 6, 2010
Comment #2

သူပျိုးခဲ့တဲ့ကဗျာတွေမိုးမလင်းခင် ဘ၀င်လေဟပ်
မာန်တက်နေတဲ့အခါတိုင်း
ငါ့မြင်းကြီး ငါစိုင်းလို့
အဲဒီငတေကြီး မာလိုက်ပုံများ..
ဘယ်သူသေသေဆိုလား.။

commentinfo By: ဖြိုးဖြိုး at Oct 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment