Professional Authors

\”ငိုတက်သောအသဲနှင့်……..\”

\”ငိုတက်သောအသဲနှင့်……..\”
1.အချစ်သည်….
Radio Active ဖြစ်စေတဲ့
အဆိပ်ဓာတ်ပါဝင် ဗုံးတစ်မျိုး
အရာရာတိုင်းနဲ့ထိတွေ့
ဆင့်ကဲ ပေါက်ကွဲလောင်ကျွမ်း….

2.မမြင်နှိင်တဲ့မြူမှုန်တစ်စလို
ပမာဏတွေပဲသေးသွား ဓာတ်သတ်တိများ
ရုတ်လျော့ကျမသွားဘူးဆိုတာ
ကမ်ဘာဦးအစက အဲဒီဗုံးတီထွင်သူတွေ
သိသိကြီးနဲ့များကွာ….

3.ငါတို့လူသားမျိုးနွယ်တွေ
အဖိုးမှအဖေ၊အဖေမှသားသို့
ကိုယ်ဝန်ဆောင်မိခင်မှ ရင်သွေးငယ်သို့
မျိုးရိုးလိုက်မွေးရာပါရောဂါဆိုး
အချစ်ဓာတ်ရောင်ခြည်သင့်ခဲ့ကြတရ်….

4.အဆိပ်သင့်မြူမှုန်များကြောင့်
မျက်လုံးများ Colour Blind ဖြစ်သွားသလို
ခန်ဓာကိုယ်တွင်း Biological Clock တွေ
ပြောင်းပြန်လည်ဖို့ ကြိုးစားရင်း
ထော့နဲ့ ကျိုးပျက် သိစိတ်ကင်းမဲ့….

5.အသဲကွဲတရ်ပြောရင်မမှန်ဘူး
နှလုံးသွေးပြန်ကြောမှ သွေးများနှင့်
ရောလွှတ်မိတဲ့ အချစ်အဆိတ်ရည်များကို
အသဲက မျက်ရည်အဖြစ်ပြောင်းကာ
သန့်စင် ဖယ်ထုတ် စွန့်ပစ်စေလျက်….
ဒီတော့ အသဲဆိုတာ ငိုတက်တဲ့အမျိုးပါ။ ။ ။
နေ့သစ်(17.8.2010)
4am:1.30pm

In: ကဗျာ Posted By: Date: Oct 4, 2010
Comment #1

စာလုံးပေါင်း သည်းခံပါ….

commentinfo By: nate thit at Oct 4, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment