Professional Authors

Namesis

ရင်ခုန်ခြင်း ကင်းမဲ့ဇုန် မှ
ငါ
အပြုံး များ နှင့် ငိုနေသည်

တစ်ခါတစ်လေ တော့လဲ စိတ်ကုန်တယ်
တစ်ခါတစ်လေ တော့လဲ ပို ပို ချစ်မိတယ်
ငါ့ အလွမ်း တစ်ပွင့် အတွက်
နင် ငါ့ ဥယျာဉ်ကို ရိုက်ချိုး ခဲ့ပါသလား
နင့် လျှပ်တစ်ပြက် တိုက်စစ်အောက် မှာ
ငါ့ ခံစစ် က အင်အားမမျှုနိုင်ခဲ့

သေဆုံးချိန် နဲ့ မသေဆုံးခင် စပ်ကြား
ငါ . . . အဲဒီ အတိတ် မှာ
မျောလွင့်နေတယ်
မြူးထူး ပျော်ပါး ခဲ့ဖူးသော
ကာလ ယန္တရား တစ်ခု
နင့် သံသယ နဲ့ ကလဲ့စား တစ်ချို့ ဝင်နှောက်
ငါ ဆို တဲ့ ငါ ဟာ
အဆိပ်ပြင်းခဲ့ပြီ . . .

အချစ်ကြီး လို့ အမျက်ကြီး သတဲ့
ကဲ . . . ငါ့ရဲ့  namesis
ငါ့ ဝေဒနာ တွေကို အသွားတပ်ပြီး
အဖြေ ညှိ ကြည့်စမ်း ပါ
ပေရပွ ဒဏ်ရာတွေနဲ့ 
ဘ၀ ဆိုတဲ့ သင်ပုန်း တစ်ချပ်မှာ
နင့် နာမည် တို့ အခါခါ ရေးထိုး
သံသရာ တစ်ကွေ့ မှာ
နင့်ကို စောင့်နေကြောင်း
သူတို့ ပြောကြလိမ့်မယ် . . .

နှုတ်ခမ်း မရွဲ့  နဲ့ 
နောက်ပြီး မခနဲ့  နဲ့ 
ဝဍ် ဆိုတာကို မယုံရင်တောင်
နင် သစ္စာ ကို ပြက်ရယ် မပြု နဲ့ 
အဲဒီ သစ္စာ တရား မှာ
ကြက်ခြေ မခတ်ရသေးသော အမှန်တရားတွေရှိတယ်
နင် ငါ့ရင် ထဲ အောင်လံ လာစိုက်ခဲ့သလား
ငါက နင့်ရဲ့  သံသရာ အဆက်ဆက်တိုင်း
အောင်လံ စိုက်ခဲ့ပြီ . . .

လိပ်ပြာတွေ ၀ဲ နေ မှ ဥယျာဉ်တဲ့ လား
မဟုတ်ရပါဘူး . . .
မျက်ရည်တွေ ရွှဲ နေလဲ ဥယျာဉ် ပါပဲ . . .
အဲဒီ ဥယျာဉ်ထဲမှာ အမုန်းမပြယ်သော အတိတ်ကာလတွေစိုက်ထားတယ်
အဲဒီ ဥယျာဉ်ထဲမှာ စိတ်နာစေသော ဒေါသတွေ စိုက်ထားတယ်
ငါ့ရဲ့  . . .namesis
နင် ဘာကို ရွေးချယ် မလဲ ???

ဟင်းအိုးကို အားနာတတ်ခဲ့သော အမဲရိုး
အခုတော့ ခွေးစာ ဖြစ်သွားသလိုပဲ
အို . . . ငါ့ရဲ့  namesis
အသင်ဟာ
သိုးငယ် နဲ့ ကျား
အဘယ်သောသူ ကို
တံခါး ဖွင့်ပေးလိုပါသနည်း ၊၊ ၊၊

လမင်းဇော်

—————————————————————————————————————————-*Namesis* ဆိုသည်မှာ ကလဲ့စားချေတတ်သော နတ်သမီး ကို ဆိုလိုပါသည် ၊၊

In: ကဗျာ Posted By: Date: Oct 2, 2010
Comment #1

I like this poem

commentinfo By: kgmalay at Oct 3, 2010
Comment #2

မေးတော့မလို့၇ှင့်…ကိုလမင်းဇော်က နပ်သားပဲ။ ဝေါဟာ၇အသစ်အဆန်းလေး၇တာပေါ့၇ှင်။

commentinfo By: pannei at Oct 16, 2010
Comment #3

ဒါပေမယ့် ကိုလမင်းဇော်ကလည်း namesis ၇င်ထဲမှာလည်း ကလဲ့စားချေချင်စိတ်၇ှိချင်မှ၇ှိမှာပါ။ သူ…လုပ်သင့်တာကိုလုပ်တာလဲဖြစ်နိုင်ချေ၇ှိတယ်။ သူမ လှည့်ကွက် ၁ ခုလည်းဖြစ်နိုင်တာပဲ။ ကလဲ့စားချေတယ်လို့ အထင်ေ၇ာက်အောင်အ၇င်လုပ်ပြီးမှ ကယ်ထုတ်တာလဲဖြစ်နိုင်တာပဲလေ။ (သူမ ၇င်ထဲဝင်ကြည့်တာပါ။) 🙂 🙂

commentinfo By: pannei at Oct 16, 2010
Comment #4

လိပ်ပြာတွေ ၀ဲ နေ မှ ဥယျာဉ်တဲ့ လား
မဟုတ်ရပါဘူး . . .
မျက်ရည်တွေ ရွှဲ နေလဲ ဥယျာဉ် ပါပဲ . . .

commentinfo By: အသဲကွဲမိုး at Oct 16, 2010
Comment #5

ဟုတ်ကဲ့ပါ ပန်းအိ
အဲဒီ ဝေါဟာရ လေးကို ကျွန်တော် စာအုပ်လေး တစ်အုပ် မှာဖတ်ဖူးလို့ မှတ်သားမိထားတာ
တစ်နေ့ ကဗျာရေးမယ် ဆိုပြီးတော့ပေါ့
Namesis က ကျွန်တော့်အတွက် တကယ် မရှိပါဘူး
သူက ကျွန်တော့်ရဲ့ စိတ်ကူးယဉ်ဇာတ်ကောင်ပါ
ကျေးဇူးတင်ပါတယ်

commentinfo By: လမင်းဇော် at Oct 18, 2010
Comment #6

ta khar ta lay dot le sate kong de.
ta khar ta lay dot ma hote bu,,a mye tan po po chit mi de.
he,,he,,

wit so tar ko ma yone yin taung,,,
nga tit sar ko pyat ye ma pyu ne.

commentinfo By: ei lay at Aug 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment