Professional Authors

မဖျက်ဆီးလိုက်ပါနဲ့….

ပျော်ရွှင်လိုက်ရတဲ့ တဒင်္ဂတွေရဲ့
နောက်ကွယ်တိုင်း……
ကျိတ်ရှိုက်သံတွေတွဲပါခွင့်
ဘာကြောင့်နင်ဖန်ဆင်းပေးခဲ့လဲ….?
ဘာအငြိုးမှလဲမရှိ…..ဘယ်အမုန်းမှလည်းမသင့်
ညွှန်ရာမဲ့နေတဲ့…..နင့်အချစ်
ငါ့ရင်ခွင်ကို စူးနစ်စေတယ်….။
လှည့်ကြည့်ဖို့မတောင်းဆိုရဲ
ငဲ့ကြည့်ပါစေလို့တောင်
မ၀ံ့မရဲနဲ့ ငါဆုတောင်းခဲ့ဖူးသူပါ…..။
အနိုင်ပေးတိုင်းလိုချင်တဲ့ နင့်ကို
ငါအရှုံးပေးရင်း မော်ဖူးနေချင်ခဲ့တာထက်…..
ဘာတွေထူးပြီး ကြည်နှုးခဲ့ရလို့လဲ….?
နင်မလာနဲ့ဆို ငါ ရပ်ငေးဆဲ
နင်ကြိုဆိုရင် ငါအပြေးလာဆဲ
နင့်အတွက် ပေးဆပ်နေချင်တာထက် မပိုတဲ့
ငါ့အတ္တတချို့အတွက်
နင် ရှိနေပေးပါဦး……။
နေ့ရက်တွေတိုင်း…ချစ်တက်နေရင်း
မဝေးရဲသေးတဲ့…..ရှိနေခွင့်အတွက်…….
တောင်းဆိုမိတဲ့ ငါ့နေရာတစ်ခုကို
နင်……..
ဘယ်တော့မှ…..
မဖျက်ဆီးလိုက်ပါနဲ့….။

In: ကဗျာ Posted By: Date: Sep 30, 2010
Comment #1

I like it so much ,
ဖတ်ရတာ ၀မ်းနည်းတယ် ။ ကဗျာလေး က အရမ်းကောင်းတယ်

commentinfo By: lwanhlainge at Sep 30, 2010
Comment #2

Oh..oh..
hit directly.
Thz

commentinfo By: ei lay at Jan 23, 2013
Comment #3

Plzzzzzz

commentinfo By: ei lay at Apr 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment