Professional Authors

မီးဝေးချိတ် (မိုးဇက်)

မုန်တိုင်းကြားက သစ္စာတရားထက်

လေပြေကြားက အဆိပ်ငွေ့တွေကို

ပိုနှစ်သက်ခဲ့လေတော့

မီးဝေးချိတ်ဖြစ်ခဲ့တာ

ကို ရင်မနာပါဘူး ချစ်သူ……

 

ဓားသွားထက်ကပျားရည်ကိုမှ

ပိုချိုတယ်ဆိုလေတော့

ကိုယ့်ရဲ့သစ္စာ နင်းချေခဲ့တာလည်း

အသဲမနာတော့ပါဘူး ချစ်သူ……

 

ဒါပေမယ့်ချစ်သူ…..

အလွမ်းများနဲ့ဒီရင်ဘတ်

စုတ်ပြတ်သတ်ခဲ့တာတော့

မင်းမသိလည်းနေပါစေတော့ချစ်သူ………

 

မိုးဇက်

In: ကဗျာ Posted By: Date: Jul 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment