Professional Authors

တစ်ယောက်စာမိုးတိမ်

မိုးစက်တွေ သတ်လိုက်တဲ့ ငါ့ရဲ့ဂျူလိုင်လလေးရေ

နင့်သွေးတွေနဲ့ နံရံမှာ ၂၉ ဂဏန်းကို  ရေး..ဆွဲ..ဖျက်..သိမ်း

ငါ့အလွမ်းတွေကို တစ်ဖက်သတ်ငြိမ်းလိုက်တယ်

အစိမ်းရင့်ရောင်မှန်ကွဲစတွေ ငါ့လက်ဖျံကို ဒေါင်လိုက်ထိုးခွဲ

ယိမ်းယိမ်းယိုင်ယိုင်နဲ့ ငါ့ညတွေ အသည်းကွဲသွားတယ် … ။

 

မီး ကိုးကွယ်တဲ့ လူမျိုးတစ်စုလို

နင့်ကို ချစ်တဲ့စိတ်ကို ရင်ထဲမှာ လောင်ကျွမ်းသိမ်းထုပ်ထား

သေချာကျနစွာ ..

 သေချာကျနစွာ ..

လောင်ကျွမ်းထွက်ပြေးသွား

ငါ့ရင်မှာတော့ အက်ကွဲရာများနဲ့ လမင်းကန္တာရ တစ်ခုသာ

မြည်တန်း ငိုကြွေး .. ခပ်ဆွေးဆွေးနဲ့ တစ်သက်စာ

 

သင်ဇာရေ ..

သင်ဇာရေ ..

သင်ဇာရေ ..

၁ ကနေ သုံး ထိရေတွက်

ဟိုး ကောင်းကင်နက်နက်ထဲကို ခုန်ချပစ်လိုက်တယ် ။

 

နင်ပျော်ရွှင်ပါစေ

နင်ပျော်ရွှင်ပါစေ

ငါနဲ့ ဝေးရမှဆိုလဲ နင်ပျော်ရွှင်ပါစေ .. 

သွေးတစ်စက်စက်နဲ့ ဆုတောင်းတေးကို 

နှစ်လိုတည်ကြည်စွာ လက်ကျန်အသိဥာဏ်လေးနဲ့ သီဆိုပေးနေတယ်

ငါ့မနက်ဖြန်တွေ သေကုန်တဲ့တစ်နေ့

နင်နဲ့ငါ .. ပြန်ဆုံတွေ့ရအောင်လား အချစ်ရယ် … ။    ။ K.T.H

In: ကဗျာ Posted By: Date: Sep 28, 2010
Comment #1

ကိုယ်တိုင်ရေးသာ ဖြစ်ပါသည် ။

commentinfo By: kyitha at Sep 28, 2010
Comment #2

မိုက်တယ်

commentinfo By: ဖြိုးဖြိုးနိုင် at Sep 29, 2010
Comment #3

ကိုယ်တိုင်ရေးသာဖြစ်ပါသည်တဲ့ .. ကြော်ငြာလိုက်တာကွာ 😀

commentinfo By: မင်းနေဝေး at Aug 16, 2011
Comment #4

ကျွန်တော်ကြိုက်တယ်

commentinfo By: နိုးဆက် at Mar 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment