Professional Authors

ရေဆူမှတ်

ဆုံနိုင်မယ် မထင်လည်း
နီးစပ်မှုတံတား လျှောက်ခဲ့ဖူးတယ် ။

ခံစားရမှန်းသိလည်း
သံယောဇဉ်မျှင်တွေ ရစ်ပတ်ခဲ့ဖူးတယ်။

မဖြစ်သင့်ဖူးဆိုတာ သိလည်း
ယုံကြည်မှုတံဆိပ် ခတ်ခဲ့ဖူးတယ်။

မျှော်လင့်ထားသမျှ အရာမထင်လာလည်း
မလွမ်းတတ်ဖို့ ကြိုလေ့ကျင့်ခဲ့ဖူးတယ်။

တကယ်တမ်း…..
ကိုယ်ကြုံတွေ့လာတဲ့အခါ
လက်ခံထားတဲ့ အယူအဆတွေဟာ
သတ်မှတ်ရည်ပျော်မှတ်မှာ
မပျော်ဝင်ဘဲ
မီးနဲ့မှ အလွမ်းသင့်တဲ့
ရေစစ်စစ်တွေ ဖြစ်နေတယ် ။            ။

In: ကဗျာ Posted By: Date: Sep 27, 2010
Comment #1

so much nice,

commentinfo By: ei lay at Mar 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment