Professional Authors

ဒီကမ္ဘာကြီးအတွက် ဒုတိယနေတစ်စင်း

ပြင်းရှရှ ရေတစ်ဖန်ခွက်
ငါမော့သောက်လိုက်ချိန်
ခန္ဓာကိုယ်တစ်ခုလုံး
ပူနွေးသွားတယ်

အသိအာရုံတွေေ၀၀ါးနေချိန်
ပတ်ဝန်းကျင် အလင်းရောင်
ဂီတသံစဉ်တွေကြား
နင်ယိမ်းနွဲ့နေချိန်
ငါ့နှလုံးသားလဲ နင်နဲ့အတူ
ယိမ်းနွဲ့လို့ပေါ့

တမင်တကာ ကြံရွယ်ထိတွေ့ခဲ့ရတဲ့
နင့်နှုတ်ခမ်းက
ဖန်ဆင်းတဲ့
နွေးထွေးမှု
ရင်ဘတ်ထဲထိ စီးဆင်းတယ်

စိတ်မဆိုးပါနဲ့
ငါခိုးယူခဲ့တဲ့ အနမ်းက
ပါးပြင်မှာထက်
ရင်ထဲမှာ ချိုမြစေတယ်

ပတ်ဝန်းကျင် က ညို့ငင်အားတွေထက်
နှုတ်ခမ်းလေး ပေါ်က နှင်းဆီနံ့
တစ်သက်တာ မှတ်မိစေတယ်

ငါပိုင်ဆိုင်တဲ့ တိမ်တွေကြား
နင်ပျော်နိုင်ပါ့မလား
ငါဖန်ဆင်းမဲ့  အလင်းမဲ့နေ့တွေကြား
နင်နေနိုင်ပါ့မလား

ဝိုင်ချိုတစ်ခွက် ငါမတတ်နိင်ဘူး
ကော်ဖီခါးခါးတစ်ခွက်တော့ ငါပိုင်တယ်
အမြဲတမ်း ပြည့်စုံမှုတွေနဲ့
နေသားကျနေတဲ့နင်
သုညဆိုတာ ဘယ်နားလည်ပါ့မလဲ

ဒီအတွေးတွေနဲ့ငါ
ပျော်ရွင်စွာကခုန်နေကြတဲ့
လူတွေကြား မှိုင်တွေလို့ပေါ့

ဟိုးအမြင့်ဆုံးက ငါ့ဆီကို
နင်ခုန်ဆင်းလာမယ်ဆိုရင်တောင်
သက်တောင့်သက်သာရှိမှာ မဟုတ်ဘူး
အကျမနာစေချင်ဘူးဟာ

လေတစ်ချက်တိုက်ရင်တောင်
ပြိုလဲမဲ့ ငါဘဝ
နင့်အနမ်းတစ်ချက်နဲ့ပဲ
ထားခဲ့ပါ

နင့်ကိုစွန့်လွတ်ဖို့
ငါတစ်ဘ၀တော့ သေဆုံးမှဖြစ်မယ်
ဒါပေမဲ့
နင်လိုအပ်နေချိန်
လက်ယပ်ခေါ်လိုက်ပါ
ငါဘယ်ဘ၀ရောက်ရောက်
ငါပိုင်ဆိုင်တဲ့ တိမ်တိုက်တစ်ခုနဲ့
ငါဖန်ဆင်းနိုင်သမျှရယ်
နင့်အတွက် ငါ့အသက်ရယ်ပါ
အဆစ်ပေးလိုက်မယ်

ငါ့နှလုံးသားက
နင့်နာမည် တစ်ခွန်းရွတ်လိုက်တိုင်း
နှလုံးသားရဲ့ အပူချိန် တိုးတိုးလာတယ်
အပူချိန် 1500ဒီဂရီ
ငါသေဆုံးတော့မယ်
သေချာတာကတော့
နင့်ကိုချစ်တဲ့
ငါနှလုံးသား
မီးသင့်ကျောက် ဖြစ်သွားလဲ
နင့်နာမည်ကိုပဲ အော်နေအုံးမှာပါ
အပူချိန်တွေ ဘယ်တော့မှအဆုံးသတ်မှာ
မဟုတ်ပါဘူး

ဒီကမ္ဘာကြီးအတွက် ဒုတိယနေတစ်စင်းဖြစ်တဲ့
အထိ ငါ့နှလုံးသားက
နင့်နာမည်ကိုအော်နေမှာပါ…….။………။

27.9.2010

In: ကဗျာ Posted By: Date: Sep 27, 2010
Comment #1

မအော်ပါနဲ့လား ကွာ..နေတစ်စင်းထဲတောင် တော်တော်ပူနေတာ နှစ်စင်းဆိုရင် မလွယ်ဖူး…

commentinfo By: လင်းဆက် at Sep 28, 2010
Comment #2

ဟုတ်တယ်
နေ1စင်းတောင်ညစ်နေတာ

commentinfo By: ဖြိုးဖြိုးနိုင် at Sep 29, 2010
Comment #3

your poem is very nice.I like this. If there is two sun, the world may be very beautiful.

commentinfo By: seinn lei at Oct 1, 2010
Comment #4

နင့်ကဗျာတွေအားလုံးငါကြိုက်ပါတယ်……ဒီကဗျာလည်းအရမ်းကောင်းတယ်..very very good……ဟိဟိ

commentinfo By: wyne at Oct 2, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment