Professional Authors

မမကြီးအတွက်

သူမ
သူမ ဟာ တကယ်ကိုအနစ်နာခံတတ်တယ်…။
အခုလောလောဆယ်အထိ
သူမ အတွက်ဆိုတာကိုဘေးဖယ်ပြီး
ကျွန်မတို့အတွက်လုပ်ဆောင်ပေးနေတုန်းပဲ….
ကံမကောင်းစွာနဲ့ မုန်တိုင်းထန်ခဲ့တဲ့မိသားစု၇ဲ့နေ့တွေမှာ
သူမ က မယိုင်လဲအောင် အားတင်း၇င်း
လောကဓံဆိုတာကို
အရွယ်နဲ့မလိုက်အောင် ခါးစီးခံပေးခဲ့တယ်…။
အခုထက်ထိတိုင်အောင်
သူမ ဟာ
မိဘတွေအတွက်
သမီးကောင်း
ပြီးတော့
ကျွန်မအတွက်တော့
ထာဝရချစ်ရတဲ့
ချစ် အမ အဖြစ်နဲ့
ကျွန်မတို့အတွက်
စိတ်ချမ်းသားမှုတွေကို
သူ့ အစွမ်း၇ှိသမျှရှာဖွေပေးနေဆဲပါပဲ…။

In: ကဗျာ Posted By: Date: Nov 11, 2011
Comment #1

how u r lucky having a dutiful sis

commentinfo By: ei lay at Nov 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment