Professional Authors

စိတ်မကောင်းပါဘူး

စိတ်မကောင်းပါဘူး

နင်မလိုချင်တဲ့

လေးနက်တဲ့ အချစ်တစ်ခုပေးမိခဲ့လို့

 

စိတ်မကောင်းပါဘူး

နင့်မှာ ငါ့ထက်ချစ်ရမဲ့သူရှိမှန်း

မသိခဲ့လို့

 

စိတ်မကောင်းပါဘူး

အရာအားလုံးငါမသိအောင်

ဟန်ဆောင်ပေးခဲ့လို့

 

စိတ်မကောင်းပါဘူး

“ချစ်တယ်”ဆိုတဲ့ စကားကို

နင့်စိတ်ထဲကမပါဘဲ

အကြိမ်ကြိမ် ပြောခဲ့ရလို့

 

စိတ်မကောင်းပါဘူး

စောစော လမ်းမခွဲပေးခဲ့လို့

 

စိတ်မကောင်းပါဘူး

နင်စိတ်ချမ်းသာဖို့

ငါ့နှလုံးသားကို ကစားခဲ့လို့

 

စိတ်မကောင်းပါဘူး

ငါ့အပေါ်ရက်စက်ရက်သူက

နင်ဖြစ်နေလို့

 

စိတ်မကောင်းပါဘူး

ငါလေးစားတဲ့ နင့်ရဲ့

ကိုယ်ကျင့်တရားကို

ယုံချင်ပေမဲ့ ယုံခွင့်မပေးခဲ့လို့

 

စိတ်မကောင်းပါဘူး

ငိုချင်ပေမဲ့

ငါမျက်ရည်မကျတော့ဘူး

 

စိတ်မကောင်းပါဘူး

မနာကြည်းမိအောင် ငါကြိုးစားပေမဲ့

နင့်မျက်နှာတောင်မကြည့်ချင်တော့ဘူး

 

စိတ်မကောင်းပါဘူး

အရာအားလုံးက ငါ့အပြစ်တွေပါ

စိတ်မကောင်းပါဘူး

ငါနင့်ကို မချစ်မိရင်

ဒါတွေဖြစ်လာမှာမဟုတ်ဘူး။     ။

 

၂၄.၀၉.၂၀၁၀ (၂၂း၅၄ )

In: ကဗျာ Posted By: Date: Sep 24, 2010
Comment #1

ွှအရမ်းသဘောကျတယ် …..ဒီလိုခံစားချက်ဝင်အောင် ရက်စက်ခဲ့တဲ့ သူအတွက် စိတ်မကောင်းစရာပဲ

commentinfo By: kaythari at Sep 25, 2010
Comment #2

တကယ်ဆို .. ဒီလို ကဗျာကောင်းလေးတွေ ပေါက်ဖွားလာအောင် ခံစားချက်တွေပေးခဲ့တဲ့ ချစ်သူကိုတောင် ကျေးဇူးတင်ရမှာလေ ..။ သူ့ကို အပြစ်မတင်သင့်ဘူးမဟုတ်လား ..။ အခု Snowflake ရဲ့ကဗျာလေးတွေမှာ အက်သံပါနေပေမယ့် .. ကဗျာလေးတွေက သူများနဲ့ မတူအောင်လှနေပါတယ်..။ ကျနော်ကတော့ Snowflake ရဲ့ကဗျာလေးတွေလိုပဲ ခံစားနေရတော့ .. အရမ်းကို ကြိုက်ပါတယ် ..။ အားပေးတယ်နော် ..။

commentinfo By: Wai Hnin Phyu at Sep 25, 2010
Comment #3

စိတ်မကောင်းပါဘူး Snowflake .. ခံစားမနေနဲ့တော့ပေါ့နော်…ဒီလိုလူတွက်လေ

commentinfo By: ရွှေငါး at Sep 25, 2010
Comment #4

စိတ်မကောင်းပါဘူး
ငါ့အပေါ်ရက်စက်ရက်သူက
နင်ဖြစ်နေလို့

အရမ်းကြိုက်တာပဲ နောက်ထပ်လဲခံစားချက်လေးတွေပါတဲ့ ကဗျာတွေကိုမွေးဖွားပေးနိုင်ပါစေလို့

commentinfo By:ွှToe Toe at Sep 25, 2010
Comment #5

တိုက်ဆိုင်လိုက်တာ ။ ဟုတ်တယ် တကယ်စိတ်မကောင်းပါဘူး ။
စိတ်မကောင်းပါဘူး

နင်မလိုချင်တဲ့

လေးနက်တဲ့ အချစ်တစ်ခုပေးမိခဲ့လို့

စိတ်မကောင်းပါဘူး

အရာအားလုံးငါမသိအောင်

ဟန်ဆောင်ပေးခဲ့လို့

စိတ်မကောင်းပါဘူး

“ချစ်တယ်”ဆိုတဲ့ စကားကို

နင့်စိတ်ထဲကမပါဘဲ

အကြိမ်ကြိမ် ပြောခဲ့ရလို့

စိတ်မကောင်းပါဘူး

စောစော လမ်းမခွဲပေးခဲ့လို့ ။

commentinfo By: yonlay at Sep 25, 2010
Comment #6

စိတ်မကောင်းပါဘူး…

commentinfo By: ကိုဇင် at Sep 27, 2010
Comment #7

har,,,,,,,,,,,,,,,,,nice.
heart hti de.
like.
like.
like.
like so much,

commentinfo By: eilay at Aug 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment