Professional Authors

ချစ်သူသိပါစေ

မာနတွေနင်းချေလို့ 

ခြေလှမ်းတွေဖွဖွ..

တိတ်တဆိတ် နင့် နားချဉ်းကပ်ခဲ့ တယ်.

၇လဒ်ကတော့ နင်ကငါ့ ကို

အေ၇ခွံခြုံထားတဲ့ ဝံပုလွေလို့  စွတ်စွဲတုန်းပဲ..

 

အတိပ်ကိုလဲမတူးဆွ

အနာဂါတ်ကိုလဲ မတွေးမျှော်

အ၇ာ၇ာဟာမင်းအတွက်

ဖယောင်းဖြစ်ချင်ခဲ့ သူကို

လမ်းခွဲစကားတွေ အကြိမ်ကြိမ်ပြောပီး

မနှိပ်စက်ပါနဲ့ လားချစ်သူ၇ယ်…

 

တစ်ကယ်တော့ 

လမ်းခွဲတာ ၀မ်းနည်းစ၇ာမဟုတ်ပေမယ့် 

တားဆီးထားတဲ့ မျက်၇ည်တံတိုင်တွေပျိုကာကြတော့ 

အသက်၇ှုတိုင်း အ၇ှိက်ခက်တယ်…

 

ချစ်သူဆီက ကြင်နာချင်တဲ့

တိမ်ပြာလေးတစ်ချို့ တစ်လေတောင်

တစ်ချက်ကလေးမှ အ၇ိပ်အေ၇ာင်လွင့် မလာခဲ့ ဘူး….

 

မဖိတ်ခေါ်ပဲေ၇ာက်လာတဲ့ 

သံသယမုန်တိုင်းတွေနဲ့ ပဲ

နေ့ တိုင်းအဖေါ်ပြု၇ှင်သန်နေ၇င်း

တိတ်တခိုး မ၀ံ့မ၇ဲ မေးချင်နေမိတယ်

“ဟိုအ၇င်ကလို နင်ငါ့ ကိုချစ်သေးလား” လို့ …..

 

In: ကဗျာ Posted By: Date: Sep 24, 2010
Comment #1

ငါမေးချင်တယ်အရင်ကနင်ငါ့ကိုချစ်ခဲ့ရဲ့လား

commentinfo By: purple at Sep 24, 2010
Comment #2

!__!
So much touching

commentinfo By: ei lay at Nov 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment