Professional Authors

နာမ်စားတစ်ခုရဲ့ ဈာပန

 

ချစ်သူရေ ချစ်သူရေ

မြည်ကြွေး တမ်းတ

အော်ဟစ် ပေါက်ကွဲတဲ့ညတွေက

ငါ့ကိုလှောင်ပိတ် မည်းမှောင်စေလို့

တစ္ဆေတစ်ကောင်ကလဲ

မြင်ကွင်းကို ပြည့်စုံနေစေလေရဲ့

 

လျှောက်နေတဲ့ လမ်းတစ်လျှောက်

လေတိုက်လဲ မလှုပ်တဲ့ အသိဥာဏ်

ဘရိတ်ပေါက်နေတဲ့ ဆင်ခြင်ဥာဏ်တွေနဲ့

အရက်သမားတစ်ယောက်လိုပဲ ရိမ်းထိုး

တွေ့သမျှ ဝင်တိုက်မိနေလေရဲ့

 

မပီမသ ရွတ်နေမိတာ

သီချင်းသံတွေ လို့ ငါထင်ခဲ့တာ

နင့် နာမည်တစ်ပိုင်းတစ်စနဲ့

ပွင့်အံလာတဲ့ ငါ့ရဲ့ ချစ်ခြင်းတွေ

ရင်နာခြင်းတွေ နည်းနည်းပေါင်းလို့

သန်းခေါင်ယံမှာ ငါ့အသံက

အတော်ကို ကျယ်နေမိတာလား

 

ကြေငြာခဲ့တာတော့ မဟုတ်ပါဘူး

ပွင့်အံသွားတဲ့ စကားတွေအတွက်

တောင်းပန်ခိုင်းမယ်ဆိုရင်တော့

ငါ့ပါးစပ်ကို ပိတ်ယုံနဲ့

နှလုံးသားက ငြိမ်သွားမှာတဲ့လား

မရဘူး ကလေးရယ်

ငါက သိပ်ကို ချစ်တတ်လွန်းနေတယ်

 

အလွမ်းသမား ဇာတ်သိမ်း

ခေါက်ရိုးကျနေတဲ့ စက္ကူလိုပါပဲ

အလွမ်းတွေ ကြေမွလို့

အချစ်တွေ ပြားဝပ်လို့

နင်မခေါ်တော့ မထူးမိတဲ့ ငါ့နာမ်စား

တစ်သက်လုံးကို မြေမြုပ်ပစ်လိုက်ရတော့မယ်

ဒီဈာပန ဘယ်သူက လာမှာတဲ့လဲ…….

 

ကြက်ခြေခတ် X

In: ကဗျာ Posted By: Date: Sep 21, 2010
Comment #1

မပီမသ ရွတ်နေမိတာ

သီချင်းသံတွေ လို့ ငါထင်ခဲ့တာ

နင့် နာမည်တစ်ပိုင်းတစ်စနဲ့

ပွင့်အံလာတဲ့ ငါ့ရဲ့ ချစ်ခြင်းတွေ

ရင်နာခြင်းတွေ နည်းနည်းပေါင်းလို့

သန်းခေါင်ယံမှာ ငါ့အသံက

အတော်ကို ကျယ်နေမိတာလား

commentinfo By: အမရာ at Sep 21, 2010
Comment #2

မတွေ့တာတောင်ကြာပေါ့ ငယ်ချင်း

commentinfo By: ကြက်ခြေခတ် X at Sep 21, 2010
Comment #3

ကျွန်မကိုပြောတာလား…သူငယ်ချင်းဆိုတာ..။။

commentinfo By: အမရာ at Sep 21, 2010
Comment #4

နင်မခေါ်တော့ မထူးမိတဲ့ ငါ့နာမ်စား
တစ်သက်လုံးကို မြေမြုပ်ပစ်လိုက်ရတော့မယ်
ဒီဈာပန ဘယ်သူက လာမှာတဲ့လဲ…….

commentinfo By: ဖြိုးဖြိုး at Sep 21, 2010
Comment #5

အင်…ဟုတ်ဘူးလား အမရာ
ငါ့ကဗျာကို ဖတ်ရင် ငါ့သူငယ်ချင်းပဲပေါ့ဟ

commentinfo By: ကြက်ခြေခတ် X at Sep 21, 2010
Comment #6

ဖြိုး ငါအခုခေါ်ပြီ ထူးမလားတော်

commentinfo By: ကြက်ခြေခတ် X at Sep 21, 2010
Comment #7

😀

commentinfo By: အမရာ at Sep 21, 2010
Comment #8

ခုပဲကားထွက်သွားပြီ ကိုဖျာပုံ….လိုက်ချင်လဲ မမှီတော့ဘူး

commentinfo By: ကြက်ခြေခတ် X at Sep 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment