Professional Authors

ရင်ဘက်ဖွင့် ခြင်း (၃)

ငါ့ လက်နဲ့  ငါရေး ချင်တဲ့ 
အနာဂါတ်တွေ လမ်းမ တွေ ထဲ တွေဝေမနေချင် ..
မတားပါနဲ့ ….လွတ်လပ်စွာ ပျံသန်းခွင်ပေး..
ချုပ်နှောင်မှုများ    ကင်းလွတ်ရာ…။

ပူမှန်းသိရက် ချိုမြိန်ခဲ့ တာ   အချစ်လား
နောက်ဆုတ်ခွင့် ပေးပါ
လက်တစ်ဆုပ် စာ အိမ်မက်တွေနဲ့ 
ခပ်လျော့ လျော့ ကြိုးတန်းတွေ  အဖြစ်လေ…။

စွန့် လွှတ်လိုက်ရခြင်းမှာ  ရင်ခုန်သံတွေ ရှိရင်
လက်နဲ့ ဖြန့် ခံ လိုက်ရုံ
အမှန်တရား ဆိုတာ ..ကိုယ်ကလွဲပြီး..
ကိုယ်နဲ့ လွဲ ခဲ့ တဲ့  နှစ်ပေါင်းများစွာ…
အသက် ရှု သံ မမှန်တာ ကြာပြီ…
ဥပမာ….(၁၀ နှစ်နီးပါး )။

ကျေနပ်မှု ပေါင်း များစွာက..
ငါ့ ကို ရန်လုပ်နေသလို ရန်တွေ့ ချင်သလို
ကျေအေးပေးခဲ့ တာတောင်မှ…
ငါ့ ကိုယ်ပေါ် မီးတွေ လောင်းချသွားတယ်
မနက်ကနေ မိုးချုပ်တဲ့ အိမ်မက်တွေ အထိပေါ့ 
ငါ့ လိပ်ပြာ ငါ သေအောင်  သတ်နေရဆဲ…။

                                                             နေဝန်း

In: ကဗျာ Posted By: Date: Jul 7, 2012
Comment #1

khan sar arr pay twar par de,

commentinfo By: ei lay at Jul 7, 2012
Comment #2

ကျေှးဇူးတင်ပါတယ်…ခံစားပေးတဲ့  မ အိလေး ခင်ဗျာ.

commentinfo By: newun at Jul 8, 2012
Comment #3

မိုက်တယ်

commentinfo By: loafer at Jul 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment