Professional Authors
သေသွားသည့်နာမည်အား ရင်ဘတ်မှာဆွဲ၍ ခြစ်ကုပ်အော်မိသော ည
( ၁ )
အလုံပိတ်ခန်းတစ်ခု
ခေါက်ရိုးကျိုး မွေ့ လျော်မှုတွေနဲ့ စီးမျောမနေ
မီးအိမ်မှ အလင်းကို ဖြန့် ကာခင်းရင်းနှင့်
စစ်မှန်သော အမှန်တရားအား စာလုံးပေါင်းမိသည်
မခေါ်ဘဲနှင့်လာ၍ မနှင်ဘဲ သွားသော သူမအား
ထိုသို့ ဖြင့်
အဖြူရောင်စာရွက်အသစ်များအကြား ခေါင်းလျှိုသွင်းရင်း
ကျွန်ုပ် အလည်လာမည့်အကြောင်း တံခါးခေါက်လိုက်သည်
( ၂ )
သက်ပြင်းများအား မီးခိုးငွေ့ များကဲ့သို့ မှုတ်ထုတ်လိုက်သောအခါ
သေနေသော နာမ်စားနာမည်လေး စီးမျောလာသည်
စီးကရက် ညှပ်သော လက်များလောက်ပင်
မမြဲမြံခဲ့သော လက်နှစ်ဖက်အကြောင်းတွေးမိသည်
ထို့ ကြောင့် သစ္စာတရားအား မုန်းသည်
သစ္စာတရားအကြောင်းပြောသူအား ပိုမုန်းသည်
နံရံအား အတင်းဆွဲကုပ်တက်နေသော အတိတ်ကာလများအား
ဖျာတစ်ချပ်ကဲ့သို့ ဆွဲဆန့် လိုက်သောအခါ
မျှော်လင့်နေဆဲဟု အမည်ရသော အိပ်မက်များအား ပြန်ရှာတွေ့ ၏
ထိုစာမျက်နှာအား ကြက်ခြေခတ်၍ နောက်တစ်မျက်နှာလှန်လိုက်သောအခါ
ဝံပုလွေဖြစ်သွားသောသိုး နှင့်
သိုးဖြစ်သွားသော ၀ံပုလွေအကြောင်းဖတ်ရ၏
( ၃ )
ဘ၀သည် ရုပ်ရှင်တစ်ကားဟု ဆိုပါလျှင်
နောက်ပြန်ရစ်ကာ သူမ ပါခဲ့သောအပိုင်းများအား
ဖြတ်ထုတ်ပစ်မည်
စိတ်ကူးများထဲတွင်
တောအထပ်ထပ် တောင်အသွယ်သွယ်အား
ဖြတ်သန်းခဲ့ဖူး၏
သို့ သော် . . .
သတ္တိနည်းသူ၏ ဘေးတွင် အဖော်ပြုရန်ကား
စိုးစဉ်းမျှ သတ္တိမရှိ
ချစ်သောကြောင့် ငြင်းဆန်ခဲ့၏
ချစ်သောကြောင့်ပင် အမှန်တရားအား ခေါင်းညိတ်လက်ခံခဲ့ပါ၏
( ၄ )
ဒေါသမကင်းသော မုန်တိုင်း ကဗျာဖြစ်၏
သူမအား ဆက်သခြင်းဖြစ်သည်
သူမအား စွပ်စွဲခြင်းဖြစ်သည်
သူမအား ရင်နှင့်ရင်းကာ ချစ်ခဲ့ကြောင်း တိုင်တည်ခြင်းလဲ ဖြစ်သည်
သူမအား တနင့်နင့်စိမ်းကာ မုန်းကြောင်း အသိပေးခြင်းလဲ ဖြစ်သည်
အလုံပိတ်ခန်းတစ်ခု
လေးဖက်လေးလံများ ဘေးကျပ်နံကျပ်ဖြစ်လာသည်ဟု ခံစားရ၏
လွဲနေသော ပစ်မှတ်များအား စုစည်းလိုက်သောအခါ
အိပ်မက်အသေတစ်ခုဖြစ်လေသည်
ကျွန်ုပ်သည် နှလုံးသားခံစားချက်အား ရေရှည်တွေး၍
သူမသည် အခက်အခဲများ၏ ရေရှည်ကို တွေးသည်
ထိုသို့ ဖြင့် . .  သူမ နှင့် ကျွန်ုပ်သည်
အကြွေစေ့လေး ဖြစ်ခဲ့ကြလေသည်
( ၅ )
ကောင်းကင်မှ ကျလာသော သေတ္တာတစ်လုံးဖြစ်သည်
Love ဆိုသည့် စကားလုံးအား အဖုံးတွင်ရေးထိုးထား၏
ကျွန်ုပ်က မိမိကိုမိမိ မပိုင်ဆိုင်တော့ခြင်းဟုဆိုသောအခါ
သူမက ၀မ်းနည်းပက်လက် စွန့် လွတ်ခြင်းဟု ဟု ဆိုလေသည်
ဖွင့်ကြည့်လိုက်သောအခါ ဘာမှမရှိချေ
သူမအား အပ်နှင်းခဲ့သော ကျွန်ုပ်အား
ဝမ်းနည်းပက်လက်စွန့် လွတ်ခဲ့သောကြောင့်
ဘာမှမရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်မည်
စင်စစ် အချစ်သည်
သေတ္တာထဲတွင် ရှိနေသော အရာဟု ဆိုခဲ့ပါလျှင်
မိမိယုံကြည်ရာကိုသာ
သေတ္တာထဲတွင် တွေ့ မည်နိုင်ပေလိမ့်မည်
အချစ်၏ မူရင်း အနက်သည် ဘာမှမရှိပေ
( ၆ )
မိုးကိုနမ်း၍ မရသော မြေစာပင်လေး၏
စိတ်ဓါတ်ကျခြင်းမျိုး ဖြစ်၏
အမှောင်များ ဖန်ချောင်းကျဉ်းကျဉ်းလေးထဲမှ
ယိုဖိတ်ကျလာသော အသားနက်ညဖြစ်သည်
ပကတိ တိတ်ဆိတ်နေခြင်းသည်
အကျယ်လောင်ဆုံး ပေါက်ကွဲသံကြီးပင်
ပင့်ကူချည်မျှင်များဖြင့်
ကျွန်ုပ် ဦးနှောက်အား သူမ ဖောက်စားသွားလေသည်
ထိုသို့ ဖြင့်
ဆက်လျှောက်ရမှာ ပျင်းသောကြောင့်
လမ်းပျောက်သည်ဟုသာ ခေါင်းစဉ်တပ်လိုက်သည်
အချိန်များသည် သန်းခေါင်အား အနက်မှောင်ဆုံးဆက်လက်ခြယ်သနေကြသည်
( ၇ )
လမင်းကြေးမုံတွင် သူမ၏ ပုံရိပ်များဖြင့်သာ
ရောင်ပြန်ဟပ်နေပါစေသား
ဟိုးဝေးဝေးမှာ ကျိန်စာသံကြားရ၏
ယောက်ျားမာနဖြင့် စူးနစ်စွာမုန်း၍
နှလုံးသား၏ ဆန္ဒဖြင့်သာ ဆက်ချစ်မည်
သန်းခေါင်ထက်နက်သော ညသည်
အလုံပိတ်ခန်းအား အနက်ရောင်ဆေးစက်များဖြင့် ဖုံးလွှမ်းပေတော့မည်
တစ် . . . နှစ် . . .သုံး . .  လေး  အက္ခရာစဉ်များ မရှိတော့ပါ
ကျွန်ုပ်တွင် ငိုကြွေးစရာဟူ၍
သူမလွင်ပြင်ကလွဲ၍ အနုပညာရပ်ဝန်းသာ
ကျန်ရှိနေခဲ့ပေသည်
ကျွန်ုပ် သစ္စာမဖျက်ခဲ့၍
သစ္စာက ကျွန်ုပ်အား ဖျက်၏
ကျွန်ုပ်ထင်ခဲ့သည်များသာ မှန်ခဲ့လျှင်
ကံကြမ္မာသည် လူအလစ်တွင် ချောင်းရိုက်တတ်သော
ဝါးရင်းတုတ်တစ်ချောင်း ဖြစ်ပေလိမ့်မည်
( ၈ )
မောင် ဟု ခေါ်တွင်သည့်
ကျွန်ုပ်၏ နာမ်စားအား ပြန်လည်ကြားချင်၍
ထိုအသံ၏ အပြောသက်သေဖြစ်သော
သူမ၏ နှုတ်ခမ်းများအား မယုံဝံ့တော့
ထမင်းရည်ပူလာရာ လျှာလွှဲ ဟုမပြောရက်
သို့ သော် . . .
သူမသည် ကံကြမ္မာအတိုင်း တသွေမတိမ်း လိုက်မှားတတ်သူဖြစ်၏
အသိအာရုံ
အကြားအာရုံ
အမြင်အာရုံ များအား ဖြတ်တောက်ပစ်ချင်သည်
ပြန်လည်တွေးသိ၍ ပြန်လည်ကြားနာခံစား၍
ပြန်လည် မြင်ယောင်နေတတ်သော
ကျွန်ုပ်သည် ညအတိုင်းသက်သက်သာ မှောင်ချင်ပါသည်
ဒဏ်ရာများ သူမကြောင့် သွေးထွက်မများစေလိုတော့
( ၉ )
သူမသည် ကျွန်ုပ်၏ အသက်သွေးကြောတစ်မျှင်ဖြစ်သည်
ထိုအရာအား ဖြတ်တောက်ပစ်နိုင်သော ဓါးသည်
မေတ္တာတရားထက်လဲ နက်ရှိုင်း၏
သစ္စာတရားထက်လဲ ထက်၏
ကံကြမ္မာထက်လဲ ပြတ်သား၏
ပစ္စုပ္ပန်များ ချောက်ထဲကျနေပြီဖြစ်သည်
ချစ်ခြင်းတွင် ရှုံး၍ မည်သည့်ဘက်ကမှ
အနိုင်မရလိုတော့သော စိတ်သည်
နှလုံးသား၏ မြစ်ဖျားခံရာနှင့် ဆုံးခန်းတိုင်ရာ ဖြစ်သော ဆန္ဒဖြစ်ပေသည်
့္ပဤသို့ ဖြင့်
သေသွားသည့်နာမည်အား
ရင်ဘတ်မှာ ချိတ်ဆွဲ၍ ခြစ်ကုပ်အော်မိသည့်ညတွင်
အသံများ သေဆုံးသွားတော့သည်
အလုံပိတ်ခန်းအတွင်းမှ အလုံမပိတ်နိုင်သော ဆန္ဒများသည်
စိတ်ကူးယဉ်အိပ်မက်အဖြစ်သာ ကျန်စေသတည်း
ထိုညတွင်
သူမသည် မျက်ရည်များဖြင့်သာ ပို၍ လှနေပေလိမ့်မည် ၊၊       ၊၊
လမင်းဇော်
[email protected]
In: ကဗျာ Posted By: Date: Jul 8, 2012
Comment #1
တစ် . . . နှစ် . . .သုံး . . လေး အက္ခရာစဉ်များ မရှိတော့ပါ
ကျွန်ုပ်တွင် ငိုကြွေးစရာဟူ၍
သူမလွင်ပြင်ကလွဲ၍ အနုပညာရပ်ဝန်းသာ
ကျန်ရှိနေခဲ့ပေသည်
ကျွန်ုပ် သစ္စာမဖျက်ခဲ့၍
သစ္စာက ကျွန်ုပ်အား ဖျက်၏
ကျွန်ုပ်ထင်ခဲ့သည်များသာ မှန်ခဲ့လျှင်
ကံကြမ္မာသည် လူအလစ်တွင် ချောင်းရိုက်တတ်သော
ဝါးရင်းတုတ်တစ်ချောင်း ဖြစ်ပေလိမ့်မည်
…….
ပြန်ရောက်ရောက်ခြင်းနောက်တခေါက်ပြန်ဖတ်ရင်း ……အားရမိတယ်ဗျာ
နှစ်သက်စွားအားပေးလျှက်
commentinfo By: အသဲကွဲမိုး at Aug 5, 2012
Comment #2
ပစ္စုပ္ပန်များ ချောက်ထဲကျနေပြီဖြစ်သည်
ချစ်ခြင်းတွင် ရှုံး၍ မည်သည့်ဘက်ကမှ
အနိုင်မရလိုတော့သော စိတ်သည်
နှလုံးသား၏ မြစ်ဖျားခံရာနှင့် ဆုံးခန်းတိုင်ရာ ဖြစ်သော ဆန္ဒဖြစ်ပေသည်
အလုံပိတ်ခန်းအတွင်းမှ အလုံမပိတ်နိုင်သော ဆန္ဒများသည်
စိတ်ကူးယဉ်အိပ်မက်အဖြစ်သာ ကျန်စေသတည်း
မျှော်လင့်ချက်ဟူသည် ………………….
commentinfo By: sharon myorr myor at Aug 5, 2012
Comment #3
🙁
commentinfo By: လမင်းဇော် at Aug 12, 2012
Comment #4
း)
commentinfo By: pannei at Sep 12, 2012
Comment #5
:'(
:'(
:'(
commentinfo By: ei lay at Sep 12, 2012
Comment #6
ဘယ်လို လှပတဲ့အရေးအသားတွေများလဲဗျာ…..
နှစ်သက် အားကျ သွားပြန်ပါတယ် ကိုလမင်းဇော်….
commentinfo By: 13th at Jan 30, 2013
Comment #7
အရမ်းမိုက်တယ်
commentinfo By: အောင်မော်ဟိန်း at Mar 31, 2013
Comment #8
ဟုတ်တယ်ရှင် ကိုနိုးဆက် ပြောသလိုပဲ နှစ်သက် အားကျမိပါတယ်ရှင် 🙂
commentinfo By: ပန်း at May 24, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment