Professional Authors

နင့်ရဲ့  ကစားပွဲပေါ်က လူ

မာန ကြီးလိုက်တာ ချစ်သူရယ်
” ငါ နင့်ကို စိတ်မ၀င်စားဘူး ” တဲ့လား
တကယ်ဆို တစ်ချက်လေးပဲ ဖြစ်ဖြစ်
လှည့်ကြည့်သင့်ခဲ့တယ် ဟာ
အခုတော့ နှလုံးသား တစ်ခု
မြေဆွေး ရာဇ၀င် တစ်ခုမှာ
အပြီး တိုင် မြှပ်နှံခံ လိုက်ရပေါ့

ပြီးခဲ့တာတွေ လဲ ပြီးခဲ့ပါစေတော့
ငါ မသုံးသပ် တတ်ခင် ကတည်းက
ဆင်ခြင် ခဲ့သင့်တယ်    ( ငါ )
အနူ လက် နဲ့ ရွှေခွက် နှိုက်ခဲ့တာ
မဟုတ်ရပါဘူး
မတန် မှန်း တော့ သိပါရက်နဲ့ 
မျှော်မှန်း ခဲ့ မိတာ . . .

နင် နှလုံးသား မရှိသလို
မာန ကိုတော့ ခင်းမပြပါနဲ့ ဟာ
ဂုဏ် တွေ ငွေ တွေ နဲ့ 
ညီမျှခြင်း ထိုးရမဲ့ အချစ်မှာ
ငါ ဘာမှ မတတ်နိုင်ခဲ့ပါဘူး
ယေဘုယျ အားဖြင့်
အချစ် =  အချစ် လို့ သုံးသပ်ခဲ့သောငါ
အခုတော့ စည်းစိမ် ဥစ္စာ နဲ့ 
စီးချင်းထိုးရမဲ့  အချစ်မှာ
ငါက ဘေးထွက်လူ ပါ
ဘေးထွက် လူပါ ကွယ် . . .

နင် နဲ့ မဆိုင်သလို ပဲလား ကွယ်
ဓါး နဲ့ ထိုးတာမှ ငါသက်သာပါဦးမယ်
နင့် စကား လုံးတွေ က
ငါ့ နှလုံးသားကို အထပ်ထပ် စူး လို့ 
အခုတော့ ငါ  
နင် ပျော်ခွင့်မပေး တဲ့ နေညို ချိန်မှာ
ကြိုးစင် တက်ရမဲ့ အဖြစ်
ငါ တကယ် ကျောက်ရုပ် တစ်ရုပ် ဖြစ်ချင်ခဲ့သူပါ . . .

ပျော်စရာတွေ ပေးခဲ့လဲ
နင် မယူတတ်ခဲ့
အို . . . ငါ့မာန တွေ မရှိတော့ပါလား
နင် နဲ့ ပတ်သက်မှ
ယောက်ျားဈေးကျခဲ့ရတဲ့ အဖြစ်
(တကယ်တော့)
ငါ့ မျက်ရည် များနဲ့ နင် ဟာ မတန် ခဲ့
သူငယ်ချင်း ဆိုတဲ့ စည်း တစ်ချက်နဲ့ 
နင် ဟာ ငါ့ကို လိမ္မာ ပါးနပ်စွာ
ဘေးထွက်စေခဲ့ သလား
နင် သိသင့်တယ်ဟာ
နင် တစ်ခွန်းပြောရုံနဲ့  ငါဟာ
ထွက်သွားမဲ့  လူဆိုတာ . . .

နင်ဟာ ကြိုးရှည်ရှည်နဲ့ လှန်ခဲ့သူ
ငါဟာ နွားဖြစ်မှန်း မသိဖြစ်ခဲ့သူ
မထင်မှတ်ထားတာ ချင်း အတူတူမှာ
ငါ ပိုနာပါတယ်  ငါ ပိုခံစားရပါတယ် ဟာ
ငါ သက်ပြင်းရှရှ အချမှာ
ငါ့ ဝေဒနာ တွေ ပါသွားရင် အကောင်းသား
ငါ မေ့ချင်ပေမဲ့ မစွန့် လွတ်နိုင်ဘူး
ငါ မုန်းချင်ပေမဲ့ မမုန်းရက်နိုင်ဘူးဟာ
နင်က ရက်စက်ပြလေ ငါက ပိုချစ်လေပါ
အပြုံးလှလှတို့ နဲ့ မိန်းမရိုင်း လေးရယ်
နင် နဲ့  ငါ့ရဲ့ မျက်နှာချင်း ဆိုင်တိုင်းမှာ
အမုန်းတွေ ဆိုတာ
ငါ သိရက်နဲ့ မိုက်ခဲ့သူ ပါ . . .

ငါဟာ အစွန့် ပစ်ခံရာသီထဲက
ရုပ်လုံးမလှတဲ့ ကောင်ပါ
နင် ပြုံးနေရုံနဲ့ 
ငါ အခါခါ သေတတ်ခဲ့သူ ဆိုတာ
နင် မသိခဲ့ပေမဲ့
ငါ အကြိမ်ကြိမ် သေနှင့်ပြီးသူ ပါ
အသည်း မာလွန်းသူ ရယ်
” နောက်တစ်ယောက်ကိုရှာလိုက်ပါ” ဆိုတဲ့ စကားနဲ့ 
ငါ့ကို မကျီစားပါနဲ့ တော့
ငါက ရှုံးပြီးသား သူမို့ 
နင့်ပစ်ကွင်းမှာ အသေရပ်ခွင့်ပေးပါ . . .

ငါဟာ စုပ်လဲ စူးမဲ့သူ
စားလဲ ရူးမဲ့သူ
ငါ ဟာ နောက်ဆုတ်ဖို့ ရည်ရွယ်ခဲ့ပြီး
ရှေ့ အခါခါ တိုးမိ ခဲ့သူမို့ 
နင်လဲ မချစ်နိုင်ရင်တောင် မဲ့မပြပါနဲ့ 
ငါလဲ နင့်ကို မမျှော်လင့်တော့ပါဘူး
ချစ်နေခွင့်လေး တစ်ခုနဲ့ တင်
ပျော်နေနိုင်သူ မို့ 
နင် မတားမြစ်ပါနဲ့ 
ဒါ ငါ့ ရပိုင်ခွင့်ပါ . . .

မြားပစ်သူရေ . . .
ပုန်းရှောင် မနေပါနဲ့ 
မြားဆိပ် သင့်လျက်နဲ့ 
ကြည်ဖြူစွာ ချစ်နေမှာမို့ 
နင့် မျက်နှာဖုံးအောက်က
စာနာမှု အစုစု ဖော်ကျူးလို့ ပြလိုက်ပါတော့လား
တကယ်တော့
နင် မစာနာ တတ်ခဲ့တောင်
ငါဟာ ခွင့်လွတ်ပေးခဲ့သူ . . .
ငါ့အချစ်ဟာ မျက်ရည်နဲ့ စလို့ 
မျက်ရည်နဲ့ ဆုံး
တစ်နေ့ အဲဒီ မြစ် ရပ်တန့် သွားရင်
ငါ့ကို နိုး ပါ ချစ်သူ . . .
အမုန်းမပြယ်ခင် တခဏမှာ
ငါ ခေတ္တ မှေးဆက်ချင်လို့ ပါ . . .

သခင် . . .
ငါဟာ လမ်းဆုံလမ်းခွ မှာ ရပ်နေသူ
ဖြစ်မှန်း မသိဖြစ်ခဲ့
ညာဘက်သွားရင်လဲ အမုန်း
ဘယ်ဘက် သွားရင်လဲ အမုန်း
ငါ့အတွက် အကောင်းဆုံးက ရပ်တန့် နေခြင်းမဟုတ်လား
ဒီဘ၀ မရပ်တန့် ခင်
ငါ ခဏ ရပ်တန့် ခဲ့ . . .

နင် ငါ့အချစ်ကို တိုင်းတာမယ်ဆိုတာ
အဲဒီ ငွေ နဲ့ လား ချစ်သူ . . .
သွားစမ်းပါ . . .
တကယ်တော့ ငါဟာ စက္ကူ တွေနဲ့ 
တန်းဖိုးဖြတ်ခံခဲ့ရသူ . . .
ငါ မနာကျင်ခဲ့တာ မနာကျင်တတ်လို့ မဟုတ်ဘူး
နာကျင်လျက်နဲ့  အောင့်ကာ နမ်းခဲ့ရသူ
(အခုတော့)
ငါ့ ကို ငါ မုန်းလို့ ငါ့ လိပ်ပြာ ငါ မလုံတတ်ခဲ့
ကွေကွင်းသော လမ်းဆိုတာ သိလျက်နဲ့ 
ဆက်စပ်ဖို့ ကြိုးစားခဲ့သူ
ငါ အရူး မဟုတ်လား ချစ်သူ ရယ် . . .

. . . . . . . . . . . . .
 . . . . . . . . . . . . . .
  . . . . . . . . . . . . . . .
. . . . . . . . . . . .
ဒီလို နဲ့  ဒီဇာတ်လမ်းဆုံးတော့
ချစ်သူ . . .မင်းကြည့်လိုက်စမ်းပါ
ငါ့လည်ပင်းမှာ မင်းစွပ်ထားတဲ့ ကြိုးနဲ့  . .၊၊    ၊၊

(လမင်းဇော်)
၁၅.၉.၂၀၁၀

In: ကဗျာ Posted By: Date: Sep 15, 2010
Comment #1

nin ka yet sat pya lay nga ko po chit lay…..

pyaw sa yar tway pay ke le nin ma u tat ke,,,
nin ne pat tat hma main ma zay kya ke ya de a phyit,,,
nga ti ye ne mike khe thu par.

nin ye ka sar pwe paw ka lu.

he,,he,,
like…like..like…

commentinfo By: ei lay at Aug 21, 2011
Comment #2

(အခုတော့)
ငါ့ ကို ငါ မုန်းလို့ ငါ့ လိပ်ပြာ ငါ မလုံတတ်ခဲ့
ကွေကွင်းသော လမ်းဆိုတာ သိလျက်နဲ့ 
ဆက်စပ်ဖို့ ကြိုးစားခဲ့သူ
ငါ အရူး မဟုတ်လား ချစ်သူ ရယ် . . .

. . . . . . . . . . . . .
. . . . . . . . . . . . . .
. . . . . . . . . . . . . . .
. . . . . . . . . . . .
ဒီလို နဲ့  ဒီဇာတ်လမ်းဆုံးတော့
ချစ်သူ . . .မင်းကြည့်လိုက်စမ်းပါ
ငါ့လည်ပင်းမှာ မင်းစွပ်ထားတဲ့ ကြိုးနဲ့  . .၊၊ ၊၊
ကောင်းလိုက်တဲ့ကဗျာလေး တိုက်ဆိုင်မှုများစွာနဲ့ကျွန်တော် အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jun 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment