Professional Authors

လန့်လန့်

ညနက် သန်းခေါင်း
မှောင်နဲ့မဲသည်း
လမ်း မထဲမှာ
လူသူမရှိ
တိတ်တိတ် ဆိတ်ကာ
လ လည်း မသာ
ကြယ် လည်းမလင်း
မီးလည်း မလာ
ငါ တစ်ကိုယ် တည်း
အောက် လင်းဓါတ်မီး
ကျစ်ကျစ်ဆုပ်ကာ
ယောင်တောင်တောင်တွေး
အသည်း ကွဲ ပြီး
လျှောက်ကာ လာစဉ်
လမ်းခုလတ်သို့
ရောက်စဉ်ခဏ
စိတ် အာရုံများ
နိုးကာကြွလာ
ကိုယ်ဟန်လှပ
သွယ်လျလှပြီး
ဝတ်စားဖြူစင်
ကြည့်လို့ယဉ်သော
ဆံသားရှည်ရှည်
ခြေလှမ်းပြေသော
မိန်းမပျိုလေး
ငါ၏ရှေ့တွင်
မျက်ဝါးထင်ထင်
တွေ့ကာမြင်လို့
လူပျို ကိစ္စ
စတင် လုပ်ကာ
အသက် ကိုမေး
နာမည်မေး မည်
စိတ်ထဲတွေးကာ
အမှီလိုက်ပြီး
မျက်နှာမြင်ရန်
ကျော်ကာ အကြည့်
သူမ ကလည်း
ပြန်ကာကြည့်သည်
အောက်မလေး…ဗျ…….မျက်နှာမပါ ” သရဲမကြီးဗျို့…….”…။

In: ကဗျာ Posted By: Date: Sep 14, 2010
Comment #1

kwi,,kwi,,
rofl,,,,,,,,

commentinfo By: ei lay at Jan 14, 2012
Comment #2

he,,he,,
hmat htar,
women myin tine nout chin ong,
😛

commentinfo By: ei lay at Jul 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment