Professional Authors

ငါ့ရဲ့ကြယ်

နင်ပျော်ဖို့ ငါအလွမ်းတွေ စိုက်ထားတယ်ချစ်သူ

နေများပူခဲ့ရင် နင်ငါ့အလွမ်းမှာလာခိုနားပါ

ဘ၀ဆိုတာပြဇာတ်တဲ့ … ငါနင်နဲ့ အထပ်ထပ်ကတတ်ချင်ခဲ့တာပါ…

အခုတော့ကကြိုးကဗလာဆိုပဲ

နင်ကိုငါအထပ်ထပ်ကာကွယ်ရင်းနဲ့ မာယာတွေ ငါ့ကိုယ်ကိုလာစင်တယ်

ပန်းတိုင်ကိုပြေးနေရင်းတောင် ငါ့မာနတွေခေါက်ကနဲ ခဏခဏပြိုပြိုကျ

ကံတရားက ငါ့ကိုခဏခဏ ခလုတ်တိုက်တတ်လာတယ်…

နင်စိုမှာကိုစိုးခဲ့တာပါ … ဒါတောင် ငါနဲ့နေမှမိုးမိခဲ့သတဲ့လား

တကိုယ်စာလေးမွှေးချင်တဲ့မီး အခုတော့ အကြီးကြီးကိုလောင်နေပြီ…

ရီပါ နင်ရီပါဟာ… ကဗျာမဆန်တဲ့ အခန်းထဲက ကိန်းဂဏာန်းတွေပိန်ကပ်နေတတ်တဲ့ ကောင်လေးကလွမ်းနေတယ်တဲ့ …

အခုဆို နင်ပျော်ဖို့ကြွေကျတဲ့ နှုတ်ခမ်းတစ်စုံနဲ့ … နှလုံးသားဆို ဖျတ်ဖျတ်ကိုလူးလို့ …

တကယ်တော့နင်ဟာ ငါရူးဖို့ပွင့်လာတဲ့ကြယ် …

In: ကဗျာ Posted By: Date: Sep 14, 2010
Comment #1

မှန်ပါတယ်။
လူတိုင်းလဲ ရူးဖူးကြပါတယ်။

commentinfo By: kyansitthar101 at Sep 14, 2010
Comment #2

အလွမ်း ပင် ကအရိပ်ရ တယ်တယ့်လား ??????????????????

commentinfo By: နွေးနွေး at Nov 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment