Professional Authors

မေ………..သို့ (၁) (မင်းလူန)

တိုင်တည်ပါတယ်ဘုရားသခင် တပည့် တော်တိုင်တည်ပါတယ် ၀တ်ရှိလျှင်ကျေရပါ၏လို့ မပြောချင်ခဲ့ သူကိုမှ လမ်းခွဲထွက်ဖို့  ကျောခိုင်သွားဖို့ ပြောတက်သူ……….သူ့ ရဲ့ နှလုံသားဟာ လှချင်မှလှပါလိမ့် မယ်။ ဒါပေမဲ့ ချစ်ခဲ့ ရပါတယ်အရှင်ဘုရား မေ………………………. … ငါ့ မှာမင်းအတွက်ရူးသွပ်ဖို့  ကို့ ကိုယ်ကိုကျိန်စာမိနေသူတစ်ယောက်လို ကမ္ဘာလုံးတယ်ပြားတယ်လောက်တောင်မသိနိုင်တော့ ဘူး အရာရာဟာတခုတည်းတည်ဆောက်ထားတဲ့  ရင်ဘတ်ရဲ့ တစ်ဘက်ထဲမှာစုစည်းနေပြီလို့  ငါ့ ပါးပြင်နွေးနွေးလေးဖြစ်မှသိရတယ် သိခဲ့ ရတယ်………………..မေ အိမ်မက်ပါလို့ ငါ့ ကိုယ်ငါနှစ်သိမ့် ပါရစေ တခါတလေတွေးမိတဲ့  သွေးရူးသွေးတန်းအတွေးလေးပါ ဒါပေမဲ့ တစ်ကယ်ပါမေ……………………. ငါ့ ဆီမှာမင်းကွန်းခိုးလို့ ကောင်းတဲ့  ခမ်းနားသောနန်းတော်မရှိဘူး ငါ့ လမ်းတွေကြမ်းကြောင်းငါပြောဖို့ အားယူပေမဲ့  မင်းကခြေဖ၀ါးနုနုကိုခဏခဏလှပ်ပြတက်တာငါအသိဆုံးပါမေ မင်းမလာချင်မှန်း သိဖို့ ……………………..ငါစောစောလေး အိပ်ယာထသင့် ခဲ့ တယ်…………………… အိမ်မက်ဆိုရင်တောင်ပြီးဆုံသွားတဲ့ အထိ ငါယစ်မူးမနေသင့် ပါဘူး တစ်ကယ်တော့ိတွေ့ ဆုံဖို့ လွယ်ပါတယ်မေ ပေါင်းစည်းခွင့် သာခက်တာပါ ဒါဟာရိုးရိုးလေးငိုခွင့် ရတဲ့  ငါ့ ရဲ့ ရင်ကွဲနာကျသော ပြဇာတ်တစ်ပုဒ်ဆိုရင်တောင် ဇာတ်သိမ်းကိုခပ်နာနာလေး ပြီးဆုံးဖို့ ငါ့ ကိုယ်ငါ တပ်လှန့် ထားမှာပါ ငါချစ်ရပါသော……………………………….မေ။

 

 

                                            ကဗျာဆရာ-မင်းလူန

In: ကဗျာ Posted By: Date: Jun 19, 2010
Comment #1

မင်းကခြေဖ၀ါးနုနုကိုခဏခဏလှပ်ပြတက်တာငါအသိဆုံးပါမေ မင်းမလာချင်မှန်း သိဖို့ ……………………..ငါစောစောလေး အိပ်ယာထသင့် ခဲ့ တယ်…………………… အိမ်မက်ဆိုရင်တောင်ပြီးဆုံသွားတဲ့ အထိ ငါယစ်မူးမနေသင့် ပါဘူး တစ်ကယ်တော့ိတွေ့ ဆုံဖို့ လွယ်ပါတယပေါင်းစည်းခွင့် သာခက်တာပါ ဒါဟာရိုးရိုးလေးငိုခွင့် ရတဲ့  ငါ့ ရဲ့ ရင်ကွဲနာကျသော ပြဇာတ်တစ်ပုဒ်ဆိုရင်တောင် ဇာတ်သိမ်းကိုခပ်နာနာလေး ပြီးဆုံးဖို့ ငါ့ ကိုယ်ငါ တပ်လှန့် ထားမှာပါ ငါချစ်ရပါသော………………………………

commentinfo By: အသဲကွဲမိုး at Jan 26, 2011
Comment #2

ကောင်းလှချည်လား…………..

commentinfo By: layykyoe at Jan 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment