Professional Authors

ရင်ခုန်ခြင်း နှင့်တိတ်တဆိတ်

နူးညံခြင်းနဲ့
ရင်ခုန်သံ ဘယ်သူက
ပိုနွှေးထွေး သတုန်း
သက်တံတွေကို မျှော်ကြည့်တုန်း
ပင်လယ်ပြာရဲ့ တစ်ဖက်စွန်းက
မီးပြတိုက်က အချက်ပြသလိုပေါ့
မှောင်လိုက်လင်းလိုက်
ထွေပြားမှု့ ရဲ့တိုက်ခိုက်မှုတွေကို
ငါအောင်မြင်စွာမှတွန်းလှန်ခဲ့ရဲ့လား….?
မိမိကိုယ်ကိုယ်ကို
ဓါတ်ပြုကြည့်တော့
ဒီဂရီကျော်နေပြီ…။

ရနံတွေနဲ့
ကြည်နူးခြင်းတချို့ကို
ငါအလိုလိုက်ခဲ့ချင်ပေမယ်လည်း
မဖြစ်သင့်တော့
ခဲဖျက်ကို ပဲ အလိုက်သင့်
သုံးခဲ့ရတယ်…..။
လာလုပြီဖြစ်တဲ့
မျှော်လင့်ခြင်းနဲ့ ကြိုဆိုရင်း
ကမ်းလင့်နေမယ့်လက်တွေကို
တွေးမျှော်ရင်း
တအိအိတက်လာတဲ့
လင်းရထားလုံးပျံကို
ငါ… ဦးခိုက်လို့ကြိုဆိုလိုက်ပြီ…။
ငါ..တာဝန်ချိန်ပြီးပြီ..။

သြော် ငါက..တပ်သားတစ်ဦးပဲ..
မိမိကင်းကို မိမိပဲစောင့်ရတာပေါ့
တာဝန်ကို မွေးကတည်းက
တံဆိပ်ကပ်ထားတာလေ
မဖောက်ဖျက်ကတဲ့………….။

In: ကဗျာ Posted By: Date: Sep 8, 2010
Comment #1

nice to read

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment