Professional Authors

အလွမ်း

ကောင်းပါလေရဲ့ဗျာ
ခပ်စိမ့်စိမ့်လေးပေါ့
ဘာနဲ့မှ ကိုမတူဘူး
သူမကြိုက်လှပါချေရဲ့ဆိုတဲ့
Cappucino Coffee နဲ့တောင်မှ
ငါမလဲနိုင်ပါဘူး
ပိုကောင်းတယ်
ပိုစိမ့်တဲ့
အသည်းတွေလွင့်
နှလုံးတွေခါ
ရူးသွပ်မှု့တွေကုန်လောက်အောင်ကို
စိမ့်တဲ့ အရသာပါ…..။
ဒီ အရသာကို
ရဖို့အတွက်ပေါ့
ကျွန်တော်ချစ်သူက
သူ့ချစ်သူကို
လက်ချင်းယှက်လို့
ပျော်ဖက်နေတာ………
ဒီမြင်ကွင်းရှေ့မှာပေါ့
ကျွန်တော်က တော့
အလံဖြူတွေ လွင့်တင်လို့ပေါ့
အရှုံးပေးတာ မဟုတ်ရပါဘူးလို့
အညံခံတာပါ….။

In: ကဗျာ Posted By: Date: Sep 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment