Professional Authors

မရဲတရဲ နဲ့ ကျွန်တော် ချစ်သည်း

မနက် ရယ် ရောင်စဉ်လင်း
ငှက်ကလေးတွေ ကတေးဆို
ကျွန်တော် လေ
မနက်ခင်းကို
သူမကို တွေ့ဖို့အတွက်နိုးထတယ်
ခြေလှမ်းကျော့ကျော့
မျက်နှာအမော့မှာ
ကျွန်တော် နှလုံးဒုံးခနဲ့ ရပ်တယ်
ဟိုက် ………………
ဆံနွယ်တချို့ ပြန်အကျ နဲ့အတူ
ကျွန်တော် နှလုံးပြန်ခုန်တယ်
မျက်ဝန်းလေးဝိုင်းလို့
နှုတ်ခမ်းလေးကိုင်းလို့
အပြစ်ကင်းတဲ့ မျက်နှာလေးလေ
ဘယ်နားက များ
သွားရှာရပါမလိမ့်
ဒီလောက်ချော ဒီလောက်ချစ်စရာကောင်းတဲ့သူမ
အနေ အေး
အပြောအေးတော့လည်း
တော်ယုံလူမကပ်ရဲ
ချစ်တော့လည်းအရဲ စွန့်
တသက်စာစိတ်ချမ်းသာဖို့အရေး
ကျွန်တော်ဒီတခါ
ကြိုးစားကြည့်မယ်
သူမ ရှေ့ ကျွန်တော်ရောက်သွားတယ်
ဒူးတွေတုန်လို့………………..။

In: ကဗျာ Posted By: Date: Nov 28, 2012
Comment #1

😛
So much cute.

commentinfo By: ei lay at Nov 29, 2012
Comment #2

Thz for make me smile.

commentinfo By: ei lay at Dec 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment