Professional Authors

အလွမ်းသံစဉ်

သက်ရောက်မှု့တိုင်းမှာ
 တန်ပြန်သက်ရောက်မှု့ဆိုတာ… ရှိပေမယ့်
ကိုယ်တိုင်စပ်ပြီး ကိုယ်တိုင်ရေးခဲ့တဲ့
ကဗျာတွေတိုင်းမှာ  တစ်ဖတ်သတ်
ပေးဆပ်မှု့တွေနဲ့ ဆေးခြယ်လို့ပေါ့
နာကျင်မှု့တွေနဲ့ ဒါဏ်ရာ ရနေတဲ့
ငါ့ ရင်ခွင်ဟာ မင်းနဲ့ဝေးကွာလို့
အက်ကွဲနေတာ မဆန်းကြယ်ပါဘူး
ပက်သက်ခဲ့ဖူးတဲ့ အချိန်ဟာ
တိုတောင်းလွန်းပေမယ့် မင်းကို
တွယ်တာခဲ့မိတဲ့ အတိုင်းအတာဟာ
အခုထိ မဆုံးနိုင်သေးဘူး….
ငါ မင်း…..ကိုသတိရနေဆဲပါ…ကောင်မလေးရယ်။

In: ကဗျာ Posted By: Date: Aug 27, 2010
Comment #1

ဟုတ်ပါတယ်ဗျာ။ကျွန်တော်လည်း ကိုမျိုးလိုပဲ
ငါမင်းကိုသတိရနေဆဲပါကောင်မလေးရယ်လို့ပြောချင်နေတာ
ကျေးဇူးပဲကိုမျိုးခံစားချက်တူသွားလို့

commentinfo By: moezat at Oct 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment