Professional Authors

မင်းနဲ့တွေ့မှ

ချစ်သူလေးရယ်

မင်းနဲ့ တွေ့ရမှ

ကိုယ်နဲ့ ဘယ်လိုမှ မရင်းနှီးခဲ့တဲ့

အွန်လိုင်းဆိုတဲ့ အရာတစ်ခုဟာ

ကိုယ့်အတွက် နေ့စဉ်သုံးပစ္စည်းလို

ဖြစ်လာခဲ့တယ် ။

မင်းနဲ့ တွေ့မှ

ကိုယ်က အချိန်ကြာကြာ

သေခန်းဖြတ်ထားတဲ့

ငယ်ချစ်ကဗျာနဲ့လည်း

ပြန်လည်လို့ပေါင်းဖက်

ကဗျာအသက်ပြန်ဝင်

စကားလုံးကာရန်တွေ

ပြန်ရှင်သန်ခဲ့တယ် ။

မင်းနဲ့တွေ့မှ

ကိုယ့်ကို ချုပ်နှောင်ထားတယ်လို့

ထင်ပြီး သိပ်မသုံးဖြစ်ခဲ့တဲ့

အက်ဒီဆင်စထွင်ခဲ့တဲ့

တယ်လီဖုန်းဆိုတဲ့

ရုပ်ပစ္စည်းကိုလည်း

မင်းလေး မိုးလင်းမိုးချု့ပ်

မမောပန်းတမ်း

အသုံးပြုခဲ့တယ် ။

မင်းနဲ့တွေ့မှ

ကိုယ့်ရင်ထဲမှာ

အချိန်အတော်ကြာ

ပျောက်ဆုံး စကားလုံးတစ်ခုကလည်း

ပြန်လည်လို့ အသစ်ဖြစ်

အချစ် အချစ်လို့

ရင်ဘတ်ထဲမှာ

ဟစ်ကြွေးကာ

အော်မြည်နေလေရဲ့ ။ ။

In: ကဗျာ Posted By: Date: Jul 22, 2011
Comment #1

wow,,,,,,,
wow,,,,.,
right,,right,,right,,

commentinfo By: ei lay at Jul 22, 2011
Comment #2

ကောင်းတယ်ဗျာ …ကူသွားတယ်နော်…ပြန်ဖြန်.ပေးဖို. ~~

commentinfo By: aung lay at May 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment