Professional Authors

မျက်နှာဖုံး အက

အတွေး တိမ်နေတယ်
အတွေး တိမ်းနေတယ်
ပုံသဏ္ဍာန်အမျိုးမျိုး အနုပညာ
ရာမမျက်နှာချည်းပဲ ရောင်းရတယ်ဆို?
ဒဿမျက်နှာဖုံးနဲ့ ငါ ဖျော်ဖြေ။

ကလေးတွေ ငိုကြ ယိုကြ၊ ငါ့ကိုမြင်တဲ့အခါ။
လူကြီးတွေ ရွံကြ ရှာကြ၊ ငါ့ကိုမြင်တဲ့အခါ။
သူတော်စင်တွေ ကဲ့ကြ ရဲ့ကြ၊ ငါ့ကိုမြင်တဲ့အခါ။

ဘာအရေးလဲ
မျက်နှာဖုံး နောက်ကိုမှ တွေးမမြင်တတ်ရင်
ဟောဒီ အနုပညာမှာ
(ခင်ဗျားပြောတဲ့ ပညာအနုနဲ့တင်)
လျှံကျလာတဲ့အထိ ဘောင်ဘင်ခတ်ပြမယ်။

In: ကဗျာ Posted By: Date: Feb 20, 2011
Comment #1

အတွေး တိမ်နေတယ်
အတွေး တိမ်းနေတယ်
ပုံသဏ္ဍာန်အမျိုးမျိုး အနုပညာ
ရာမမျက်နှာချည်းပဲ ရောင်းရတယ်ဆို?
ဒဿမျက်နှာဖုံးနဲ့ ငါ ဖျော်ဖြေ။

commentinfo By: anatyong at Feb 20, 2011
Comment #2

ွှအရမ်းသဘောကျတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Aug 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment