Professional Authors

ကိုယ့်အပြစ်နဲ့ကိုယ်(genius)

ပျက်သုဉ်းနေတဲ့
နေ့စွဲတွေကို
ပြိုကျမသွားအောင်
မွမ်းမံနေရတာ
ငါ တစ်ယောက်တည်း
ပင်ပန်းတယ် ချစ်သူ။

မျှော်လင့်ရတဲ့
မနက်ခင်းတွေ
သာယာစိုပြေအောင်
စောင့်နေရတာ
ငါ တစ်ယောက်တည်း
ပင်ပန်းတယ် ချစ်သူ။

ရက်တွေလတွေညောင်းလည်း

နေသားတကျနဲ့

လွမ်းသားတကျဖြစ်အောင်

နေထိုင်နေပါတယ်ချစ်သူ။

ဒါပေမယ့်…
နေ့သစ်တွေတိုင်း
မျှော်နေမိတာကတော့
ကိုယ့်အပြစ်နဲ့ကိုယ်
ကိုယ့်ထိုက်ကိုယ့်ကံပါပဲ။

In: ကဗျာ Posted By: Date: Jun 24, 2011
Comment #1

ရက်တွေလတွေညောင်းလည်း
နေသားတကျနဲ့
လွမ်းသားတကျဖြစ်အောင်
နေထိုင် နေပါတယ်ချစ်သူ။
…………….
လက်ရည်..တက်လာတယ်ဗျ….မောင်လေး…အားပေးနေတယ်

commentinfo By: အသဲကွဲမိုး at Jun 24, 2011
Comment #2

ညီလေးရ… အားပေးလိုက်တယ်..။ ကောင်းလည်းကောင်းပါတယ်…။

Comment #3

၇ဲမင်းေ၇….ကဗျာလေးက ကောင်းပါတယ်..ဒါပေမယ့်….အလွမ်းတွေနေသားတကျဖြစ်အောင်နေထိုင်နေပါတယ်ချစ်သူ…လို့ေ၇း၇င် ပိုအဆင်ပြေပြီးးစကားလုံးသုံးတာလဲ မှန်မယ်လို့ ထင်ပါတယ်….

commentinfo By: ဘု၇င်မ မာယာ at Jun 24, 2011
Comment #4

နေ့သစ်တွေတိုင်း
မျှော်နေမိတာကတော့
ကိုယ့်အပြစ်နဲ့ကိုယ်
ကိုယ့်ထိုက်ကိုယ့်ကံပါပဲ။
ဒါကတော့ ရဲမင်း အပြစ်နဲ့ ရဲမင်းပေါ့…..။

commentinfo By: ကေသရီ at Jun 24, 2011
Comment #5

အားပေးတဲ့မောင်နှများအားလုံး
ကျေးဇူးအထူးတင်ပါတယ်။

commentinfo By: poem.poem28 at Jun 24, 2011
Comment #6

ပျက်သုဉ်းနေတဲ့
နေ့စွဲတွေကို
ပြိုကျမသွားအောင်
မွမ်းမံနေရတာ
ငါ တစ်ယောက်တည်း
ပင်ပန်းတယ် ချစ်သူ။

commentinfo By: rabbit at Jun 24, 2011
Comment #7

ကြိုက်တယ်ဗျာ

commentinfo By: jini at Jun 25, 2011
Comment #8

har……
hoping isn’t good.
face the reality.

commentinfo By: ei lay at Jul 25, 2011
Comment #9

nin ma hmar pr bu,,,
nin ko a yan yon kyi p tit sar shi swar chit mi ke de koh a pyit ne kou par pe.

commentinfo By: ei lay at Jan 3, 2012
Comment #10

so much like that read again.

commentinfo By: ei lay at Mar 28, 2012
Comment #11

မျှော်လင့်ရတဲ့
မနက်ခင်းတွေ
သာယာစိုပြေအောင်
စောင့်နေရတာ
ငါ တစ်ယောက်တည်း
ပင်ပန်းတယ် ချစ်သူ။

commentinfo By: juejue at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment