Professional Authors

တစ်ဖက်သား

ရင်ခုန်ရဲ့သားနဲ့တားမြစ်ထားတော့လည်းလေ
ငါဘယ်တတ်နိုင်ပါ့မလဲ
မြတ်မြတ်နိုးနိုးနဲ့တန်ဖိုးထားပြီး
ချစ်တယ်လို့ ပြောတာတောင်
ငါ့ကိုကျောခိုင်းခဲ့တယ်နော်
ငါက အဖြေကိုသိပြီးသားပါ
ဒါကြောင့်လည်း သိမ်းထားရတာပေါ့
ဘာကိုမင်းက စိတ်နာရတာတုံး
လူတွေအစဉ်တစိုက် နဲ့
တန်ဖိုးထားသုံးစွဲလာခဲ့တဲ့ စကားလုံးကိုမှ
မင်းက တစ္ဆေတစ်ကောင်လို
ကြောက်ရွှံနေတော့တာကိုး
မင်းရဲ့ ကြောက်ရွှံမှု့တွေဟာ
ငါ့ကိုတင်မဟုတ်ဘူး
ငါ့ရဲ့ပျော်ရွှင်မှု့တွေကိုပါ
အတိုးနဲ့သိမ်းသွား ကြပြီလေ
သြော်….နောက်ဆုံးတော့လည်း
ငါ့အပေါ် လောက၀တ်တောင်
မပြုဘဲ  ချော်ထွက်သွားခဲ့တယ်နော်…………..။

In: ကဗျာ Posted By: Date: Aug 24, 2010
Comment #1

hmmmm 🙁
1 myo g pe naw,,,ko moe g.
bar hma le pwint ma pyaw ya tay pe ne a phyay ko kyo ti de so dot,,,, 😛
6 scense shi loh lar?
ta mar di arr kaung loh lar?
😀 😀 😀

commentinfo By: ei lay at May 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment