Professional Authors

နွေထဲကမိုး

သက်သေဖွေမိ
မေသည်မသိ
အငြိုးပြည့်။

မျက်ရည်စွေ၏
နွေသည်မရှိ
မိုးအတိ။

ရင်ထဲကမိုး
အငြိုးနဲ.ရွာ
ရာသီနွေတွင် တံလျှပ်ထင်။

လျှပ်စီးလက်သံ
ဆူညံရင်ထဲ
နွေထဲမှာပင် သံပဲ့တင်။

ရပ်တန်.ပါနွေ
ဒီမှာနေလော့
ဖြေသိမ့်တဲ့မိုး
ပိုဆိုးလိမ့်သာ
ငါမခေါ်ချင် မိုးဦးနှင်။

အပြင်ဘက်ကမိုး
ရင်ထဲမိုး
နှစ်မျိုးနှိပ်စက်
ကလူရက်လျှင်
အိပ်မက်တွေတွင် ငိုမည်ထင်။

နွေနှောင်းမိုးဦး
ရာသီကူးလျှင်
ချစ်ဦးမေ့မှာ စိုးပါသည်။        ။

(ကြော်ငြာဝင်ဦးမယ်၊ ဒီကဗျာနောက်ဆုံးပိုဒ်လေးကြိုက်လို.
“နွေနှောင်းမိုးဦး ရာသီကူးလျှင်” ဆိုပြီး ၀တ္တုရှည် ရေးထားသေးတယ်၊
အချိန်ရမှတင်တော့မယ်  😛 )

In: ကဗျာ Posted By: Date: Jan 21, 2011
Comment #1

အပြင်ဘက်ကမိုး
ရင်ထဲမိုး
နှစ်မျိုးနှိပ်စက်
ကလူရက်လျှင်
အိပ်မက်တွေတွင် ငိုမည်ထင်။

နွေနှောင်းမိုးဦး
ရာသီကူးလျှင်
ချစ်ဦးမေ့မှာ စိုးပါသည်။ ။
………………….
ကြိုက်တယ်..ကိုမော်နီ…အားပေးသွားပါတယ်……ကောင်းလို့

commentinfo By: အသဲကွဲမိုး at Jan 21, 2011
Comment #2

ကိုမော်နီ……ဘာမှမပြောတော့ပါဘူး……..
ကြိုက်တယ်……..ကဗျာလေးကို…….ဆက်ရေးအုံးနော်။
ကိုမော်နီပျော်ရွှင်ပါစေ……..။ ။

commentinfo By: ကဗျာချစ်သူ at Jan 21, 2011
Comment #3

အရမ်းကြိုက်ပါတယ်

commentinfo By: စုနိုင် at Jan 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment