Professional Authors

လမ်း

ကောင်မငယ်ရေ …

လူတွေကပိုက်ဆံရှိတိုင်း

စိတ်မချမ်းသာဘူးတဲ့။

ဒါပေမဲ့… စိတ်မချမ်းသာတဲ့

အရာကိုငါနဲနဲတော့ ခံစားကြည့်ချင်တယ်။

လူတကာ ခေါင်းမော့ကြည့်အောင်ပေါ့။

 

ကောင်မငယ်ရေ…

အိုင်းစတိုင်း ရဲ့ဉာဏ် ကိုမမှီ ပေမဲ့

သူ့ထက်မနဲ တဲ့ ဝီရိယနဲ့ ငါကြိုးစားနေပါတယ်။

ဘဝပင်လယ်မှာ

ငါ့သင်္ဘော နစ်မြုပ်မသွားအောင်လေ။

 

ကောင်မငယ်ရေ…

ချစ်ခြင်းကို ငါယုံကြည်တယ်။

ဒါပေမဲ့ မကိုးကွယ်ဘူး။

ချစ်သူနဲ့ဆို နှစ်ကိုယ်တူ တဲအိမ်ပေါ်မှာ

ထမင်းရည် သောက်ပြီးငါမနေနိုင်ပါဘူး။

ဟုတ်တယ်လေ

ဘဝဆိုတာရုပ်ရှင်/ ပြဇာတ်

တခုမှ မဟုတ်တာ။

 

ကောင်မငယ်ရေ

ငါနင့်ကို ချစ်တယ်…

ဒါပေမဲ့နင်ကြိုက်တဲ့လမ်း ရွေးခွင့်ရှိတယ်။

တစ်ခုတော့သတိရပါ..

သက်ရောက်မှုတိုင်း မှာ

တူညီတဲ့တန်ပြန် သက်ရောက်မှု ရှိတယ် တဲ့…

ချစ်ခြင်းကို ငါယုံကြည်တယ်။

 

သားငယ်

In: ကဗျာ Posted By: Date: Aug 22, 2010
Comment #1

မိုက်တယ်

commentinfo By: မြတ်ချစ် at Aug 22, 2010
Comment #2

ကောင်မငယ်ရေ…

ချစ်ခြင်းကို ငါယုံကြည်တယ်။

ဒါပေမဲ့ မကိုးကွယ်ဘူး။

ချစ်သူနဲ့ဆို နှစ်ကိုယ်တူ တဲအိမ်ပေါ်မှာ

ထမင်းရည် သောက်ပြီးငါမနေနိုင်ပါဘူး။

ဟုတ်တယ်လေ

ဘဝဆိုတာရုပ်ရှင်/ ပြဇာတ်

တခုမှ မဟုတ်တာ။

ကြိုက်ပါသည် ၊၊ ၊၊

commentinfo By: လမင်းဇော် at Aug 22, 2010
Comment #3

တစ်ခုတော့သတိရပါ..
သက်ရောက်မှုတိုင်း မှာ
တူညီတဲ့တန်ပြန် သက်ရောက်မှု ရှိတယ် တဲ့… .. မှန်လိုက်တာဗျာ …။

commentinfo By: chityellusoelay at Aug 20, 2011
Comment #4

excellent.

commentinfo By: ei lay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment