Professional Authors

လမ်းမှန်

ငါဟာ… တည့်တည့်
မသွားတတ်တဲ့ ဂဏန်းတစ်ကောင်ပါ။
ဘယ်အရာမဆို အားလုံးနဲ့ဆန့်ကျင်ဘက်
လုပ်ရမှ ကျေနပ်တတ်တဲ့ ငါ
အမြဲဘုဂလန့်ပြောတတ်တဲ့ ငါ့ရဲ့အကျင့်
ဘေးပတ်ဝန်းကျင်ကတောင်
ပြောယူရတဲ့ ငါ့ရဲ့စရိုက်
ဘယ်လိုပြောပြော ပြုပြင်မယူချင်တဲ့စိတ်
ဒါကိုမှ နှစ်ခြိုက်ကျေနပ်နေတဲ့ ငါ
ဘာလို့ ကန့်လန့်သွားနေတာလဲလို့
ပြောခံရတိုင်း ကျွန်မပြန်ပြောတတ်တဲ့
စကားတစ်ခွန်းရှိတယ်
ဒါဟာ ဘာလဲဆိုတော့
ငါဟာ ကရကဋ်ဖွားဖြစ်နေလို့ပေါ့.
ဟုတ်တယ်လေ ဂဏန်းဆိုတာ
ဘယ်တုန်းကမှ တည့်တည့်သွားတာ မမြင်ဖူးခဲ့ဘူးလေ
ဒါပေမဲ့ ဂဏန်းလည်း
သူသွားချင်တဲ့နေရာကို
ရောက်အောင်သွားမှာပါပဲ။
အဓိကကတော့ ကိုယ်လျှောက်မဲ့လမ်းကို
မှန်မှန်ရွေးပြီး တန်းတန်းမတ်မတ်လျှောက်တတ်ဖို့ပဲ
အရေးကြီးပါတယ်နော်…..

In: ကဗျာ Posted By: Date: Jul 3, 2010
Comment #1

ကျနော်လဲထိုနည်းလည်းကောင်း
ဖြောင့်ဖြောင့်မသွားတတ်တဲ့
ဂဏန်းတစ်ကောင်ပေါ့။
မေးငေါ့ချင်ငေါ့
မေးထိုးချင်ရင်လဲမေးထိုး
မေးထိုးသူသာမေးကျိုးသွားမယ်
ခေါက်ရိုးကျိုးနေတဲ့ကျနော်ကတော့
ဒီအတိုင်းပါဘဲ။
မှန်တယ်ထင်တာပြောမယ်
မှန်တယ်ထင်တာလုပ်မယ်
ပါတ်ဝန်းကျင်ကိုဂရုစိုက်ရင်
ဘောင်ကျဉ်းတယ်ဆိုတဲ့ အမြင်နဲ့
အသက်ရှင်နေခဲ့တာ
အသက်ကိုပြန်တွက်ကြည့်တော့
အခုဆိုရင်ငွေရတုပြောင်းပြန်တဲ့
ရက်များထိခရီးပေါက်ခဲ့ပါပြီ။
အားမငယ်နဲ့နှမတော်ရေ
အဖော်လို့ပြောရရင်
မင်းလိုလူငါ
လောကမှာရှိနေပါသေးတယ်နော့………………………………

Leave Comments

Name*

Email*
Website
Email me whenever there is new comment