Professional Authors

ရူးမသွားချင်လို့

ရူးမသွားချင်လို့ 
အဖြေရှာရတာတွေ
ဝါသနာမပါတော့ဘူး
ရင်ထဲမှာ နာလွန်းလို့. . . ။
တခါတရံ
အထင်လွဲတာပါလို့
ဖြည့်တွေးမိပေမယ့်
ရှင်းပြဖို့ကျတော့
စကားလုံးတွေရှားပါး . . .။
ငါ့အတွက် ငါပဲ
ကြည့်တာ ကောင်းပါတယ်
ရှာမိတဲ့ အဖြေတွေကလည်း
ငါ့ကို နာကျင်စေလွန်းလို့. . . ။
အမှား အမှန်ကို
မခွဲခြားတော့ပါဘူး
ငါထင်တာပဲ ငါလုပ်တော့မယ်
ရူးမသွားချင်တော့လို့. . .။ 
ညအလင်္ကာ(7/8/10)
In: ကဗျာ Posted By: Date: Aug 20, 2010
Comment #1

hna lone tarr hnit phat shu twar par de

commentinfo By: ei lay at Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment