Professional Authors

Who am I?

Who am I?
ဘ၀ဆိုတဲ့ ကြေးမုံပြင်ရှေ့
ငါ့ကိုယ်ငါ ပြန်မေးမိတယ်
ဆယ့်နှစ်လရာသီခွင်မှာ
ပထမ ဖြစ်ခဲ့ပေမယ့်
ဘ၀စာမေးပွဲတိုင်း
မင်နီတွေ ဗရဗွနဲ့
မရှုမလှ ကျရှုံးခဲ့တာချည်းပဲ
သေချာတာ တစ်ခုကတော့
ငါ ….. ဆက်ရက်တောင်ပံကျိုး မဟုတ်ဘူး
ဇာစ်မြစ်လိုက် ဇာတ်ကောင်ရွေးကြည့်ရင်
တစ္ဆေတစ်ကောင်လို
ကိုယ့်လိပ်ပြာကိုယ်ပြန်လန့်မိတယ်
ငါ ….. တဇောက်ကန်းပဲ

Who am I?
ငါ့ကိုယ်ငါ ပြန်မေးမိတယ်
နန်းမရခင် နန်းချခံရတဲ့
ဘ၀အထိအတွေ့တွေ
ထမင်းလုံးတစ္ဆေခြောက်သလိုပဲ

သေချာတာ တစ်ခုကတော့
ငါ ….. တရားခံ မဟုတ်ဘူး
ထုချေလွှာလည်း သွင်းခွင့်မရှိ
လောကဓံရဲ့ အထုအထောင်းပဲခံ
ငါ …… မထိုက်တန်လို့လား
တဖြစ်ဖြစ်နဲ့ မြည်တွန်တောက်တီး
ထပ်တလဲလဲ စဉ်းစားမရတယ်
ငါ ….. ဒုံးဝေးသူပဲ

Who am I?
ငါ့ကိုယ်ငါ ပြန်မေးမိတယ်
ရာဇ၀တ်သား တစ်ယောက်လို
ပုန်းခိုရန် နေရာလွတ်မရှိ
နုံနဲ့တဲ့စိတ်တွေက တစ်ပွေ့တစ်ပိုက်နဲ့
သေချာတာ တစ်ခုကတော့
ငါ …… နမူနာ မဟုတ်ဘူး
နံရံပေါ်က ငါ့အမည်နာမ
ငါပြန်အားနာမိတယ်
အနာဂတ် ဆိုတာတွေကရော
သေချာပါတော့မလား
ကိုယ့်ကိုယ်ကို တရားစီရင်ဖို့
နေ၀င်မီးငြိမ်း အမိန့်နဲ့
နိမိတ်ဖတ်လိုက်မယ်
ငါ ….. အပယ်ခံပဲ

In: ကဗျာ Posted By: Date: Aug 20, 2010
Comment #1

you ရဲ့ poem ကောင်းတာ9လောက်ရှိတယ်….

commentinfo By: cupidphyo at Aug 20, 2010
Comment #2

nice poem!!!

commentinfo By: Ema Yar at Aug 21, 2010
Comment #3

ဘယ်သူပဲဖြစ်နေပါစေ၊ဘယ်အခြေအနေပဲေ၇ာက်ေ၇ာက်၊ကိုယ်ကိုဒုံးဝေးသူလို့တော့မသတ်မှတ်လိုက်ပါနဲ့။လူတိုင်းမှာမျှော်လင့်ချက်ဆိုတာသေတယ့်အချိန်အထိထားခွင့် ရှိတယ်လေ။ဘ၀စာမျက်နှာမှာမှငိနီဘယ်လောက်များနေပါစေလေ၊ကိုယ့်ကိုယ်ကိုအပယ်ခံလို့တော့မသတ်မှတ်လိုက်ပါနဲ့။
့်

commentinfo By: hnin.phwe.lay at Oct 4, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment