နတ္ထိအခန်းရဲ့ ထပ်ခိုး
နတ္ထိအခန်းရဲ့ ထပ်ခိုး
လေထဲမှာ လေတိုက်ရင်း ကျွန်တော် စဉ်းစားတယ်
စဉ်းစားတယ်လို့သိတဲ့အချိန်မှာ မစဉ်းစားတော့ဘူး
အခွံသက်သက်အဖြစ်ရပ်တည်ချိန် နေရာလွတ်မရှိ
အခုတော့ သမိုင်းမှာ အခိုးအငွေ့အဖြစ်တောင် လူမသိတော့ဘူး
ဝင်သက်ထွက်သက်တွေ ဝဲကတော့ထိုးစုန်ဆင်း
ကိုယ့်နိစ္စဓူဝကိုယ် အလျင်မီရုံ ချက်ပြုတ်နေရ
ကျန်းမာရေးနဲ့တွေ့တာတောင် နေကောင်းလားမမေးဖြစ်ဘူး
စိတ်ရဲ့မေးရိုးကို လက်သီးနဲ့ ခပ်ဆတ်ဆတ်လေး ထိုးဖြစ်ခဲ့ပေါ့
ဒီနေ့မှ မက်ပါလို့ အိပ်မက်ကို ရက်ချိန်းမပေးဖြစ်
တံမြက်စည်းမရှိပေမဲ့ အရက်ဆိုင်ရှိနေလို့ ချစ်ဖို့ကောင်း၏
မျှော်လင့်ချက်ကို နေရာရွှေ့လာခဲ့ပြီးနောက်
နတ္ထိအခန်းရဲ့ ထပ်ခိုးလေးမှာ ရေနှစ်ခါချိုးဖြစ်ဖို့ တွေးမိတယ်။
ချီရွန် ( ပုလဲ )
Comment #2
ဟုတ်ကဲ့ ဖတ်ပေးတဲ့အတွက်ပဲ ကျေးဇူးတင်လှပါပြီဗျာ။ ကဗျာဆိုတာ ဘာသာပြန်ဖို့ မလိုပါဘူး။ ဖတ်ကြည့်မယ် ခံစားကြည့်မယ် ရင်ခုန်သံထပ်တူကျရင် ကြိုက်မယ် မကျရင် မကြိုက်ဘူးပေါ့။ ကျွန်တော့် အမြင်ကို ပြောတာပါ။
By: ChIr0N at May 13, 2012
Comment #4
he,,he,, hote,, 😀
ei lay ko a khu lo nar le pay de a twat kyay zu a myar g tin par de shin,
1 ke pyaw dar,,
ne ne myint twar yin lone wa nar ma le dot bu,,a he,, 😛
By: ei lay at May 13, 2012
Comment #5
နှစ်သက်စွာအားပေးသွားပါတယ်ခင်ဗျာ….လေးစားလျှက်
By: အသဲကွဲ မိုး at May 13, 2012
Comment #6
အ၇မ်းကောင်းတယ် ဗျာ………..အားပေးလျှက်ပါ……….
By: kaunkaung at May 13, 2012




Comment #1
kwi,,kwi,, 😛
bar tway hman le ma ti bu,
ei lay ka iq naint loh nar ma le bu dot,
but,,, 😛 phat loh dot kaung hma kaung,