Professional Authors

ကိုးစားခံရတဲ့ ယုံကြည်မှု – နရီထက်

စကားလုံးကိုရွေးချယ်
ရွှေချသုံးမယ်
အပေါ်ယံဆီလူး သကာချိုသွေး
ဓါးသွားထက်ထက်က ပျားရည်တစ်စက်
အလျော်အစားကို လဲလှယ်
ပေးစားထားတယ်

အချိန်ကိုရင်းထားပေးတယ်
တဖြေးဖြေးနှင့် အစဆွဲထုတ်ကြည့်တယ်
ဖြည်လာပြီး လှိမ့်လာပြီး
လိုရာ ဆွဲသိမ်းလိုက်မယ်
ဒီတစ်ချီ ဒီတစ်ပွဲ
အနိုင်ရပြီးကွဲ့
နောက်က လိုက်လာတဲ့ ယုံကြည်မှုပြပွဲ. . .

နာမည်ကိုလည်း ချိတ်ဆက်သုံးမယ်
ရောင်းစားမယ့်  ဂုဏ်ကြီးကင်းမွန်းတပ်ပွဲ
အလုပ်တွေလည်း လုပ်ထားသည်
လက်ညှိုးထိုးမလွဲ
သိစိတ်ရယ် မသိစိတ်ရယ်
လောဘပလောင်းဆူစဲ
အသားတစ်ဖတ် ချထားခဲ့တယ်
ကိုက်မယ့်ပင်ကြံကာပင်
အဆိပ်သင့်ခဲ့
လည်နင့်တာလား
ဆိုနင့်တာလား
မျက်နှာလုံးထဲမှာ အနီရောင်သန်းဆဲ
ပုလဲခတာလား ရွဲကြွတာလား
ဝေခွဲရခက်စဲ. . .

နရီထက်
( ၁၈ ၊ သြဂုတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Aug 18, 2010
Comment #1

နရိထက် ကဗျာတွေ က တော်တော်ကောင်းတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment