Professional Authors

အမှန်တရားနဲ့ ယုံကြည်မှု

နင်တောင်းတဲ့ ကတိတွေ ငါပေးခဲ့သလို
ပေးခဲ့တဲ့ကတိတွေလည်း ငါတည်ခဲ့တယ်နော်။
နင်ပြောတဲ့ စကားတိုင်း ငါယုံခဲ့ပေမယ့်
ငါပြောတဲ့စကားတိုင်း နင်သံသယဖြစ်ခဲ့တယ်နော်။
ဒါပေမဲ့ဟာ….
ငါနင့်ကို ယုံကြည်ခဲ့တယ်…
င့ါကို ချစ်တာ အမှန်တရားလို့ ငါထင်ခဲ့တယ်။
ယုံကြည်မှုတိုင်းဟာ အမှန်တရားလို့ ငါယူဆခဲ့မိတယ်။
နင်ငါ့ကို လမ်းခွဲသွားတာကိုတော့ မယုံသေးဘူးဟာ
တကယ်တော့…..
ယုံကြည်မှုတိုင်းဟာ အမှန်တရားမဟုတ်ပေမဲ့
အမှန်တရားတိုင်းကိုတော့ သံသယကင်းစွာ ယုံကြည်လို့ရတယ်ဆိုတာ
ငါသဘောပေါက်ပါပြီ။

In: ကဗျာ Posted By: Date: Dec 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment