Professional Authors

ဟေ့ကောင် မင်းငါ့ကို နောက်နေတာလား(သို့) အသွင်မတူတဲ့ ငါတို့ရွှေရုပ်ကလေး

ဟာ ဒီအကောင်
ငါကြိုက်တဲ့
ကောင်မလေးကိုကြိုက်
ငါလိုက်တဲ့
ကောင်မလေးကို လိုက်နဲ့
ဒီအကောင်
ဒီအကောင် ဆိုတာ
ကျွန်တော်သူငယ်ချင်းလေဗျာ
ရင်ဘတ်ကြီးတူ
စိတ်ချင်းတူလို့
ခင်လို့ မင်လို့
ပေါင်းခဲ့ကြလေရဲ့ဗျာ
ဟိုနားသွားလဲ  သူပါ
ဒီနားသွားလဲ သူပါနဲ့
တကောက်ကောက်ပေါ့ဗျာ…(အမှိုက်တွေ မဟုတ်ဘူးနော်…)
ရင်ခုန်စွာဖွင့်ပြော
တစ်နေ့တော့လေ
ငါမှာ ချစ်သူတွေ့နေပြီလို့
တော်တော်လေးလှ
တော်တောလေးမိုက်လို့
ကျွန်တော်လည်း
သူခေါ်ရာလိုက်ခဲ့မိ၏
တစ်နေရာအေ၇ာက်
လေတစ်ချက်အပင်
မျက်လုံး တစ်ချက်အခတ်
ခေါင်းတစ်ချက်အ၀င့်မှာ
ကျွန်တော် မျက်ဝန်းထဲ
ကြယ်တွေပွင့် လလေးတွေ သာ
ပန်းတွေသီချင်းဆို
လိပ်ပြာတွေ ပျံသန်း
ဖြစ်ကုန်ပြီ
ကျွန်တော်လိပ်ပြာ
ကျွန်တော်ပြန်ခေါ်သည်
လှလိုက်သည့်
ကောင်မလေး
တော်တော်လေးချစ်ဖို့ကောင်းတယ်ဗျ
ကြွေ ရုပ်လေးကျနေတာပဲ
ကျွန်တော်နှလုံးသားသည်
ကျွန်တော်ဆီတွင် မရှိတော့
ကျွန်တော် စိတ်တို့သည်လည်း
ကျွန်တော်ဆီတွင်မရှိတော့
သို့ပေမယ့် ဟန်ဆောင်ရလေသည်
သူ့ အတွက်ဟုဆိုကာ
သူမ အနား
သူမ ဖ၀ါးသို့ ကျွန်တော် လေ
အချိန်ရလျှင်ရသလို
မရရင်လည်း
အတန်းလစ်လို့ပေါ့
အမျိုးမျိုးအဖုံ ဖုံ
ချဥ်းကပ် ကြိုးစား ခဲ့လေရဲ့
သူမ အနားမှာ
ကျွန်တော်လေ
ကမ္ဘာကြီးကို မေ့ဖူးတယ်
ဂိမ်တွေအတူဆော့ဖူးတယ်
နဖူးတွေလည်းတောက်ဖူးတယ်
ကာတွန်းတွေလည်းဖတ်ဖူးတယ်
ထမင်းလည်း အတူစားတယ်
ဘာပဲ ဖြစ်ဖြစ်
သူမအနားမှာနေရင်း
စိတ်ကူးတွေ နဲ့
ပျော်ဖူးတယ်
လေထဲ တိုက်အိမ် အဲ ဟုတ်ဖူး
မိုးပျံတံတားကြီး….. (ဒါတောင်မကြီးသေးဖူးထင်တယ်……)
ဆောက်နေလေရဲ့
ကျွန်တော်သူငယ်ချင်းကတော့
ဒေါသထီးထီး
မီးခဲ မျက်လုံးကြီးနဲ့
ကြည့်နေလေရဲ့
အခုတော့
သူလည်းအသည်းကွဲ
ကဗျာရေး
ကျွန်တော်လည်းအသည်းကွဲ
ကဗျာဆရာဖြစ်
ကောင်မလေးကနောက်တစ်ယောက်နဲ့
ချစ်သွားပြီလေ…။
ထိုတွင် သည်ကဗျာသည် တွင်ပြီး၏…။

မည် သည့်  အ ရာ  မျှ  သင့် ဆီ  က ခိုး ယူ သွား ခြင်း မ ရှိ သော………………………
                                                              မိုးကြီး (လေကြီး)

In: ကဗျာ Posted By: Date: Sep 1, 2011
Comment #1

ha..ha,,,
he,,he,,
real story?
so much interesting?

is she with a new one?
ma phyit tint bu.
nyant like dar..2 yout sa lone.

so strange?
the last of poem,,what’s the meaning?

commentinfo By: ei lay at Sep 1, 2011
Comment #2

ha ha ……………. what a pity two of you……

commentinfo By: May Kha at Sep 2, 2011
Comment #3

Oh! မထင်ဘူးနော်…စဖတ်နေတုန်း…ညက်နေပြီထင်တာ…နောက်တစ်ယောက်နဲ့ပါသွားတာပဲ….
ကောင်းတယ်နော်….ပုံပြင်ပြောပြနေသလိုပဲ…..စိတ်ဝင်စားဖို့ကောင်းတယ်

commentinfo By: ဘု၇င်မ မာယာ at Sep 3, 2011
Comment #4

ba yin ma ka le…
nout ta yout dot nout ta yout pe de,,but thu doe 2 yout dot ma hote bu so dot,,,
taw taw ko nyant dar pop.
he,,he,,

commentinfo By: ei lay at Sep 3, 2011
Comment #5

တစ်ခါတစ်ရံမှာ အချစ်က
ရနေပြီထင်ပေမယ့်လည်း
လွဲချော်တတ်ပါတယ်
မရဘူးထင်ပေမယ့်လည်း
ရရင်ရတတ်ပါတယ်……
ကျွန်တော်သူငယ်ချင်းဆီကကျွန်တော်ဘာမှ မရခဲပါဘူး
သူလည်းဘာမှ မရခဲ့ပါဘူး
ရခဲ့တာက ကောင်မလေးလေ
ကျွန်တော်တို့နှစ်ယောက်စလုံးဆီက
အချစ်တွေကိုပေါ့
အားလုံးကို ကျေးဇူးတင်ပါတယ်…
real story ဖြစ်ချင်ဖြစ်နိုင်ပါတယ်….

Comment #6

ဘာမှန်း..တော့မဝေဖန်တတ်ဘူး….ဒါပေမယ့် ဖတ်လို့..မျော..သွားမိတယ်..

commentinfo By: အသဲကွဲမိုး at Sep 5, 2011
Comment #7

dar so yin kaung ma lay kan kaung tar lar? kan soe tar lar?

commentinfo By: ei lay at Nov 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment