Professional Authors

အခွံထူ

အလွဲအချော်ပေါင်းများစွာ
ကြုံတွေ့ပါများလာတော့
….. လောကကြီးက …..
အခွံထူအရေပြားတစ်ခုကို
ငါ့
ဘ၀ လို့
ကင်ပွန်းတပ်ပေးလိုက်တယ်
ဖြစ်ရပ်တိုင်းမှာ
အထူးအတွေမရှိပေမယ့်
ပြဿဒါး မကင်းတဲ့အခါ

ခေါင်းထောင်လိုက်တိုင်း
ရွှေကြိမ်လုံးက
ဒေါက် ခနဲ ခေါင်းပေါ်
….. ကြောက်ပါပြီ …..
အိပ်မပျော်ရင်တောင်မှ
အိပ်ချင်ယောင်
ငါဆောင်တတ်ရဦးမယ်
အရိပ်သုံးပါး နားလည်တတ်ဖို့
အမေ မသင်ပေးခဲ့တာ
ငါ့အတွက်တော့
နာတာပဲ
….. အရိပ်သုံးပါးဆိုတာ …..
ကိုယ့်အရှေ့ရောက်တဲ့အရိပ်
ကိုယ့်အောက်ရောက်တဲ့အရိပ်
ကိုယ့်နောက်ကျတဲ့အရိပ်
?……….?
မပိုင်းခြားတတ်သေးလို့
အရိပ်တစ်ခု အုပ်မိုးလာတိုင်း
….. ငါ …..
အခါခါ ကွဲကျခဲ့တယ်

In: ကဗျာ Posted By: Date: Aug 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment