Professional Authors

အဖေ

“ အဖေ”

အဖေ
ရွှေငွေတွေ ကျွန်တော့်အတွက် မထားခဲ့ဘူး
အဖေ
နေစရာအိမ်လည်း ကျွန်တော့်အတွက် မပေးခဲ့ဘူး
အဖေ
ကျွန်တော် ကြွေလောက်စရာ စကားတခွန်းတော့ ပေးခဲ့တယ်
မင်း … ငါ့ကြောင့်
ဘယ်တော့မှ ဂုဏ်မငယ်စေရဘူးတဲ့လား အဖေ
အမှန်အတိုင်း ပြောရရင်
အဖေ ပြောတုန်းက
ကျွန်တော် ဘဝင်မကျခဲ့တာ သေချာ
လောကအကြောင်း ရေရေရာရာ မသိခဲ့လို့ပေါ့ အဖေ
အခု ကျွန်တော် မဖြစ်ချင်တဲ့ ဘဝ
အဖေ မျိုးစေ့ချ မပေးခဲ့ဘူး
အဖေ ဖြစ်ချင်တဲ့ ဆန္ဒ
ကျွန်တော့်ရင်ထဲ အုတ်မြစ်ကျခဲ့ပါတယ်
ဘယ်သွားသွား ဘယ်ရောက်ရောက်
အဖေ့မျက်နှာနဲ့ ကျွန်တော် ဂုဏ်တောက်ခဲ့ရတယ်

ဒီအဖေရဲ့သား
ကိုယ့်ကျင့်တရား ကောင်းတာဆန်းသလား
ဒီအဖေရဲ့ သွေး
အမှန်နဲ့ ဘယ်တုန်းကမှ မဝေးခဲ့ဘူး
ဒီအဖေရဲ့ စာရိတ္တ
ဒီသားမှာ အတိအကျပါခဲ့တော့
လောကအလယ် ခေါင်းမော့ရင်ကော့နိုင်ခဲ့တယ်
အခု ကျွန်တော် ပြောပါရစေအဖေ
ကျွန်တော့်ကြောင့်
အဖေ ဘယ်တော့မှ ဂုဏ်မငယ်စေရပါဘူး
အဲဒီလိုပဲ
ကျွန်တော့်သွေး အဖေ့မြေး
ဒီအမွေပဲ ကျွန်တော် ပေးခဲ့မယ်

ချီရွန် ( ပုလဲ )
မျိုးစေ့မှန် ချပေးနိုင်ခဲ့သော အဖေများ သို့

In: ကဗျာ Posted By: Date: Aug 16, 2010
Comment #1

ကဗျာထဲက စကားတစ်ခွန်းကိုလည်းကြိုက်တယ်
ကဗျာလေးကိုလည်း ကြိုက်တယ်
ကောင်းတယ်.. (:

commentinfo By: ဖြိုးဖြိုး at Aug 16, 2010
Comment #2

ချီရွန့်အဆက်ဟောင်း : သားလေးမွေးရင် .. ကျွန်မ အဖေ နာမည်ပေးပါ ~

ချီရွန် : ဒီအဖေရဲ့သား ကိုယ့်ကျင့်တရား ကောင်းတာဆန်းသလား

ချီရွန့်လက်နဲ့မကင်းခဲ့သောကောင်မလေများ : ဟွန့်သွားပါ .. လူယုတ်မာကြီး

————————————————————-
ဟီးဟီး .. ကိုချီရွန်ကြီး .. ကဗျာအလွန်ကောင်း .. တစ်ကယ်ခိုက်တယ် ။

ကိုချီရွန့်အဆက်ဟောင်းက “သားလေးမွေးရင် ကျွန်မ အဖေနာမည်ပေးပါ” လို့ဆိုရင် သမီးလေးမွေးရင်တော့ ကျွန်တော့်ကိုပေး 😛

commentinfo By: သက်ထွေး at Aug 16, 2010
Comment #3

poem လေးကအရမ်းကောင်းပါတယ်

commentinfo By: Shwe Ngar at Aug 24, 2010
Comment #4

အဖေဆိုတဲ.ကဗျာရေးတဲ.သူရေကန်တော့ပါစေရဲ.

commentinfo By: arkar at Jan 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment