Professional Authors

ဟတ်ပီးဘတ်ဒေး

နင်ကိုယ်တိုင် ငြိမ်းသတ်ဘို့
နင်ကိုယ် တိုင်ထွန်းညှိခဲ့တဲ့ ခဏတာ တောက်လောင်ခဲ့သူ
ငါ  ဆိုတာ နင့်ဘတ်ဒေးကိတ်ပေါ်က ဖယောင်းတိုင်

ကောင်းခြင်း အဖြာဖြာနဲ့ ပြည့်စုံတဲ့ နေ့ရက်
ငါ့ ကွယ်ရာမှာ မင်း ချစ်သူနဲ့ ကျင်းပ ပါ
ပြုံးပါ ……………. ၊ ပျော် ပါ ………….
ချာတိတ် တစ်ယောက်ရဲ့  နှလုံးသွေးနဲ့ ပြုလုပ်ထားလိုက်တဲ့
မွေ့နေ့ ကိတ် ….
မင်း ကိုယ်တိုင် ချိုမြိန်စွာ စား သုံးပါ
နှစ်ယောက် အတူတူ ဆုတောင်း ..
နင့် ကွယ်ရာမှာတော့ ငါက တစ်ယောက်တည်း ဆုတောင်း
ငါ ဆိုတာ ဆုတောင်း မကောင်း ခဲ့ သူ ….

ဒါဟာ ကစားပွဲတစ်ခုဆိုရင်
ငါ .. ဆိုတာ အနိုင်မယူတဲ့ သူရဲကောင်း .
မျှော်လင့်တိုင်း မရောက်တဲ့ ခရီး ..
သတိရခြင်းတွေ စီးဆင်း ပါစေ .
ငါ့ ခန္ဒာကိုယ် အနှံ့ ……………………….
မင်းရဲ့ အပြုံး တစ်ချက် ကို သိမ်းထားတယ်

ခိုင် ရေ ……….
နောက်ဆုံးတော့လဲ ……………..
………………………………………………

နင်ကိုယ်တိုင် ငြိမ်းသတ်ဘို့
နင်ကိုယ် တိုင်ထွန်းညှိခဲ့တဲ့ ခဏတာ တောက်လောင်ခဲ့သူ
ငါ  ဆိုတာ နင့်ဘတ်ဒေးကိတ်ပေါ်က ဖယောင်းတိုင် ……………

…………………………..

                                                                                           k
                                                                                ( ဘ၀ခြားလည်း ချစ်မယ့်သူ )

29.7 တွင် ရောက်ရှိခဲ့သည့် ကျွန်တော့် ဘုရင်မ မွေးနေ့ အတွက်

In: ကဗျာ Posted By: Date: Aug 14, 2010
Comment #1

ကောင်းတယ်အရမ်း

commentinfo By: Princess july at Aug 14, 2010
Comment #2

မင်း ကိုယ်တိုင် ချိုမြိန်စွာ စား သုံးပါ
နှစ်ယောက် အတူတူ ဆုတောင်း ..
နင့် ကွယ်ရာမှာတော့ ငါက တစ်ယောက်တည်း ဆုတောင်း …..

အဲဒီအပိုဒ်လေးကိုကြိုက်လွန်းလို့..ဘာပြောရမှန်းတောင်မသိတော့ဘူး…

commentinfo By: နော်ဧရာဝတီ at Aug 14, 2010
Comment #3

မင်းမွေးနေ့အတွက်

commentinfo By: myat min thu at Aug 15, 2010
Comment #4

အော်ဖြစ်ရမယ်..
့happy birthday ဆိုလို့ ကူပြီး wish လုပ်မယ်ဆိုပြီး click လိုက်တာာ
ကဗျာလေးဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်…

commentinfo By: ဖြိုးဖြိုး at Aug 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment