Professional Authors

တဖတ်သက်

ဒီမှာ မိန်းကလေး
ငါ့ရဲ့ရင် တံစက်မြိတ်အောက်
ခဏတာ ၀င်နားမယ်ဆိုရင်
ခွင့်ပြုပါတယ်
ဒါပေမယ့် အိမ်ထဲတော့
မ၀င်ပါနဲ့ . . .
(ငါ့မှာ ချစ်ရမယ့်သူ ရှိနေလို့ပါ)

ငါ့ရဲ့ မေတ္တာ အကြွင်းအကျန်နဲ့
မင်းကို ဖြေသိမ့်ပေးနိုင်ခဲ့ရင်လည်း
အဲဒါကို အတည်မယူပါနဲ့
(ဒါက ကိုယ်ချင်းစာစိတ်နဲ့ မို့ပါ)

မင်းရဲ့ ခဏတာ လိုအပ်ချက်ကြောင့်
မင်းရဲ့ နှလုံးသားကို အသုံးမပြုလိုက်ပါနဲ့
(မင်းအတွက် အန္တရာယ်ကြီးလွန်းလို့ပါ)

ရှုပ်ထွေးပွေလီ လွန်းတဲ့ လောကကြီးထဲမှာ
မင်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာ သဘာဝမို့
(မင်း ရဲရင့်မှု မနည်းမများတော့ လိုလိမ့်မယ် . .)

မင်း ပျော်ရွှင်နိုင်ပါစေလို့
ငါ ဆုတောင်းပေးပါတယ်
မိန်းကလေး . . .

Comment #1

အားပေးနေပါတယ်…..အစ်ကိုလိပ်ပြာရေ…………..:)

commentinfo By: moehtetaung18 at Dec 1, 2010
Comment #2

မိုးလေးဆိုတာ သဲကိုပြောတာလား မိန်းကလေး(ကဗျာေ၇းတဲ့အစ်မ)ကိုပြောတာလား သဲမေးလ်ထဲေ၇ာက်လာလို့ပါ (အမှားပါ၇င်ခွင့်လွှတ်ကြပါ)

commentinfo By: nyamoethee at Jan 3, 2011
Comment #3

ကိုလိပ်ပြာရေ သိပ်သတိရနေကြောင်းပါ

commentinfo By: အသဲကွဲမိုး at Jun 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment