Professional Authors

“အမှားအယွင်းကပွဲ” (ဒီတူးဆစ်တာင်ငူ)

ကောင်လေးရေ ….
အကြိမ်ကြိမ်တောင်းပန်ပါရဲ့
အားနာမှုတစ်ခုတည်းနဲ့
မင်းနှလုံးသားကို
ငါ့ခေါင်းတစ်ချက်ညိမ့်ပြခဲ့မိတယ်…….

ရင်ခုန်သံတွေကို
သေချာစွာ ဆန်းစစ်ကြည့်တော့မှ
ငါ့နှလုံးသားကအချက်ပြတယ်
မင်းအတွက်နေရာမရှိပါဘူးတဲ့
ဆောရီး…..ပါကောင်လေး
အားနာတတ်တဲ့ငါ့အကျင့်ကြောင့်
မင်းတစ်စုံတစ်ရာကိုခံစားသွားခဲ့ရရင်ပေါ့

ဟန်ဆောင်မှုနဲ့ငါမချစ်ချင်ဘူး
(မင်းကို…..သနားမိသွားလို့)
မာယာတွေနဲ့ငါမကစားချင်ခဲ့ဘူး…
(အချစ်ကို……..ကိုအားနာလို့)
ရည်ရွယ်မထားတဲ့ငါ့ရဲ့မြှားတစ်ချက်က
မင်းရင်ကိုတည့်မတ်စွာ စိုက်ဝင်ခဲ့တယ်ဆိုရင်ပေါ့
ဆောရီး……နော်ကောင်လေး..
ဒါဟာ ..သေချာစွာလွဲမှားမှုတစ်ခု
နင့်ရင်ကို ငါမရည်ရွယ်ခဲ့ဘူး…

အားနာမှုနဲ့အချစ်ကို
လွဲမှားစွာညီမျှခြင်းထိုးမိတဲ့ငါ
အဲ့ဒီ ..အမှားအယွင်းကပွဲမှာ
စိတ်မပါလက်မပါနဲ့ကနေခဲ့ရတာ
ပင်ပန်းလှပြီ..ကောင်လေး…
တို့နှစ်ယောက်ရဲ့ဇာတ်လမ်း
ဒီမှာတင်တစ်ခန်းရပ်ဖို့
ငါမင်းကို မေ့လိုက်တယ်ကောင်လေး..

ဆောရီး..ပါကောင်လေး
ငါ…မင်းနှလုံးသားကို
မတော်တဆ
ခလုတ်တိုက်လိုက်မိတယ် လို့ပဲမှတ်လိုက်ပါ
အရှိန်ပြင်းပြင်းနဲ့ ငါဝင်တိုက်ခဲ့တာမဟုတ်ဘူးနော်
မင်းနှလုံးသာကိုက ကွဲအက်လွယ်နေတာ

အဲ့ဒီလို.
လွဲမှားစွာနဲ့ကခဲ့တဲ့ပွဲအပြီးမှ
ငါ့နှလုံးသားကို တံဆိပ်ကပ်ခံလိုက်ရတယ်..
ဆရာမကြီး….တဲ့လေ

ငါ့ရဲ့မှားယွင်းမှုအတွက်လျော်ကြေး
မင်းအတွက်
ငါလဲတံဆိပ်တစ်ခုပေးချင်ရဲ့
ရော့…
မင်းနှလုံးသားမှာကပ်ဖို့
“ သတိကွဲတတ်သည်”လို့…

In: ကဗျာ Posted By: Date: Apr 20, 2012
Comment #1

>___<

commentinfo By: ei lay at Aug 1, 2012
Comment #2

ဘာဖြစ်နေတာလဲ အိလေးရေ

commentinfo By: D26 at Aug 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment