Professional Authors

ကဗျာဟုယူဆပေးပါ

စိတ်မျှားသူ

လတ်တလော စိတ်ကူးက
အိမ်မက်ပျိုးဖို့ အတွက် ……
မသေချာတဲ့  ….ဖေါင်ဒေးရှင်းနဲ့ 
ငါ့ကောင်းကင်ထဲ
လက်နှိုက်ကြည့်တယ် ……

ဗလာ… ဗလာ … ဗလာ
… … … …. … …
… … … …. … …
… … … …. … …

ဟင့်အင်း …. မဟုတ်လောက်ပါဘူး
ရှိကိုရှိနေရမှာ …
ယုံကြည်စွာနဲ့ ထုတ်ပိုးထားတဲ့ 
သေတ္တာကိုမှ ဘယ်သူတွေ
သော့ဖွင့်သွားတာလည်း
…………………………?
အငွေ့ ပျံသွားတာ မဟုတ်ပေမယ့်
ငွေ့ ရည် ဖွဲ့ ပြီး တိုက်စားသွားတယ်….
ငါ့ကမ်းခြေတစ်ခုလုံး … တိမ်ညိုတွေဖုံးလို့ ပေါ့ …

ခုတော့
မျက်ဝန်းမိုးစွေနေတာ …
အိမ်မက်တွေ ကာရန်ဖွဲ့ လို့ မကုန်တာ …
ဂစ်တာကြိုးတွေ ပြတ်ကုန်တာ …
တမ်းတခြင်းနဲ့  မိတ်ဆွေဖွဲ့ မိတာ …
ညဉ့် နက်ချိန်မှာ အိပ်စက်ခြင်းမရှိခဲ့ တာ
…………………………………..တာ
…………………………………..တာ
…………………………………….တာ
ဒါတွေ ဒါတွေ အားလုံးဟာ
သူတို့ပြောနေကြတာတော့
ဒီကမ္ဘာမှာ ‘-‘ မရှိလို့ တဲ့ 

ဟင့်အင်း … ငြင်းဆိုပါရစေ
အလွမ်းတွေကို အဆိပ်မခက်ကြပါနဲ့ 
ရောင်နီမလာခင် ဒီသုည ကို
အပြီးပက်လက်လှန်နိုင်အောင်
ကြိုးစားရအုံးမယ် ……………၊
ဒီလိုမှမဟုတ်တော့ရင်
ပျောက်ဆုံးမှုကို ရှာဖွေရင်းနဲ့ ပဲ
အစကနေအဆုံးကိုသွားတော့မယ် … …။ ။

In: ကဗျာ Posted By: Date: Aug 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment